ဖင်လန်သည် လူသွားလာနိုင်သည့် နောက်ဆုံးသော ဖင်လန်-ရုရှား နယ်စပ်ဂိတ်ကို ပိတ်ထားရန် ဆုံးဖြတ်

(GMT+08:00)2023-11-29 15:14:56  

နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ဖင်လန်ဝန်ကြီးချုပ် Petteri Orpo က ဖင်လန်အစိုးရသည် နိုဝင်ဘာလ ၃၀ ရက်နေ့မှ ဒီဇင်ဘာလ ၁၃ ရက်နေ့အထိ ရုရှားနိုင်ငံနှင့် နယ်နိမိတ်ချင်း ဆက်စပ်နေသော လူသွားလာနိုင်သည့် နောက်ဆုံးသော နယ်စပ်ဂိတ် Raja-Jooseppi ကို ပိတ်ထားရန် ဆုံးဖြတ်ခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ကြေညာခဲ့ပါသည်။

Petteri Orpo က အဆိုပါဆောင်ရွက်မှုသည် တရားမဝင် လူဝင်ထွက်မှု ထိရောက်စွာ တားဆီးရန် အတွက် လိုအပ်ပြီး သင့်လျော်သော အစီအမံဖြစ်ပြီး အစိုးရ၏ ရည်မှန်းချက်က နယ်စပ်အခြေအနေကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်လည် ပုံမှန်ဖြစ်လာစေရန် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဖင်လန်ပြည်ထဲရေးဝန်ကြီး Rantanen က လိုအပ်ပါက ယင်းဆောင်ရွက်မှုများကို သက်တမ်းတိုးနိုင်ကြောင်း ပြောကြားခဲ့ပါသည်။