ထိုင်ဝမ်ရေလက်ကြားနှစ်ဘက်ကမ်းစီးပွားရေးကူးလူးဖလှယ်မှုပူးပေါင်းဆောင်ရွက်ရေးသည် ပိုမို့ကျယ်ပြန့်သော နယ်ပယ်များသို့ ချဲ့ထွင်ရန်အပေါ် ယုံကြည်မှုလွန်စွာရှိကြောင်း တရုတ်နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံးဆို

(GMT+08:00)2023-11-29 14:59:47  

နိုဝင်ဘာလ ၂၉ရက်နေ့တွင် တရုတ်နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံးသည် ပုံမှန်သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့ပါသည်။ သတင်းထောက်တစ်ဦးက ထိုင်ဝမ်-ပြည်မကြီး ကောင်စီမှ မကြာမီက ကြေညာချက်ထုတ်ပြန်ခဲ့ရာ ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ထိုင်ဝမ် ရေလက်ကြားနှစ်ဘက်ကမ်း စုစုပေါင်းကုန်သွယ်မှုပမဏ (ဟောင်ကောင်အပါအဝင်) ၂၁.၈ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ရေလက်ကြားနှစ်ဘက်ကမ်းကုန်သွယ်မှု ဆက်လက်ကျဆင်းလျက်ရှိခြင်းသည် တရုတ်ပြည်မကြီး၏ နိုင်ငံခြားကုန်သွယ်မှု ဆက်လက်အားနည်းပြီး deflation အမှောင်ရိပ် ရှိနေသေးသည်ဟု ပြသကြောင်း ဖော်ပြခဲ့သည်။ ယင်းအပေါ် မည်သည့် မှတ်ချက် ရှိပါသနည်းဟု မေးမြန်းခဲ့ပါသည်။

ယင်းနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူ ချန်ပင်ဟွာက ယခုနှစ်အတွင်း တရုတ်ပြည်မကြီး၏ အမျိုးသားစီးပွားရေးသည် ဆက်တိုက် တိုးတက်လာပြီး ကုန်ထုတ်လုပ်မှုများ တည်ငြိမ်စွာ တိုးများလာကာ ဈေးကွက်ဝယ်လိုအား ဆက်တိုက် တိုးလာ၍ စီးပွားရေးတိုးတက်မှု အလားအလာသည် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားဖြစ်ကြောင်း၊ ပြည်မကြီး၏ တံခါးဖွင့်ရေး ဇောက်ချပြုလုပ်သည်နှင့်အမျှ စီးပွားကုန်သွယ်ရေးပတ်ဝန်းကျင် ပိုမိုကောင်းမွန်လာပြီး ရေလက်ကြားနှစ်ဘက်ကမ်း စီးပွားရေး ကူးလူးဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးသည် ပိုမို့ကျယ်ပြန့်သော နယ်ပယ်များသို့ ချဲ့ထွင်ရန်အပေါ် ယုံကြည်မှု လွန်စွာရှိကြောင်း ပြောကြားခဲ့ပါသည်။