"၁၉၉၂ခုနှစ် သဘောတူညီချက်"ကို စွဲကိုင်ပြီး "ထိုင်ဝမ်သီးခြားတည်ရှိရေး" ဆန့်ကျင်ခြင်းသည် ကောင်းမွန်သော အနာဂတ်ဆီသို့ ပေါက်ရောက်သော လမ်းမှန်ပင် ဖြစ်သည်ဟု တရုတ် နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံး ဆို

(GMT+08:00)2023-11-29 15:11:34  

ယခုလ ၂၉ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံးသည် သတင်းစာ ရှင်းလင်းပွဲကို ကျင်းပခဲ့ပါသည်။ Lai Qingde ၏ "ထိုင်ဝမ်သီးခြားတည်ရှိရေး" အပြောအဆို ဆိုင်ရာ  သတင်းထောက်၏ မေးမြန်းချက်ကို တရုတ် နိုင်ငံတော် ကောင်စီ ထိုင်ဝမ်ရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူ Chen Binhua က ပြန်လည်ဖြေကြားရာ၌ Lai Qingde ၏ အပြောအဆိုသည် ၄င်း၏"ထိုင်ဝမ်သီးခြားတည်ရှိရေး"မူလ အရောင်ဖြစ်ကြောင်း၊ "၁၉၉၂ခုနှစ် သဘောတူညီချက်" ကို စွဲကိုင်ပြီး" ထိုင်ဝမ်သီးခြားတည်ရှိရေး"ကို ဆန့်ကျင်ပါက ရေလက်ကြား နှစ်ဖက်ကမ်းဆက်ဆံမှုသည် ငြိမ်းချမ်းစွာ တိုးတက်ရေးလမ်းကြောင်းမှန်သို့ ပြန်လည် ရောက်ရှိနိုင်ပြီး ထိုင်ဝမ်မွေးချင်းပေါက်ဖော်များသည် ငြိမ်းချမ်း ပျော်ရွင်စွာ နေထိုင်လုပ်ကိုင်နိုင်မည် ဖြစ်ကြောင်း၊ ယင်းသည်သာ ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ ပေါက်ရောက် သော လမ်းမှန် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။