ဂါဇာဒေသသည် ရောဂါဖြစ်ပွားမှုအန္တရာယ်နှင့် ရင်ဆိုင်နေရပြီး ကလေးများသည် အခက်အခဲများကြုံတွေ့နေရသည်ဟု ကုလသမဂ္ဂအေဂျင်စီများ သတိပေး

(GMT+08:00)2023-11-29 15:03:41  

ဂါဇာဒေသ၏ ကျန်းမာရေးစနစ်သည် ပြိုလဲမှုနှင့် ရင်ဆိုင်နေရပြီး ပြုပြင်ရန် အရေးပေါ် လိုအပ်နေကြောင်း၊ ရောဂါနှင့် ငတ်မွတ်မှုတို့သည် လူတိုင်းကို ခြိမ်းခြောက်နေပြီး ကလေးများသည် အထူးခက်ခဲသော အခြေအနေတွင် ရှိနေကြောင်း ကုလသမဂ္ဂလက်အောက်ရှိ အေဂျင်စီများက မကြာသေးမီက သတိပေးထားသည်။      ဂါဇာဒေသရှိ ကျန်းမာရေးစနစ်အား ပြန်လည်မပြုပြင်နိုင်ပါက ရောဂါကြောင့် သေဆုံးသူများသည် ဗုံးကြဲတိုက်ခိုက်မှုထက် ပိုများနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ဖော်ပြခဲ့ပါသည်။