နိုင်ငံခြားနှင့် ဆက်စပ်သော ဥပဒေ စိုးမိုးရေးကို အားဖြည့်ဆောင်ရွက်ပြီး အကျိုးဖြစ်ထွန်းမှုရှိသော ဥပဒေစိုးမိုးရေး အခြေအနေနှင့် ပြင်ပ ပတ်ဝန်းကျင်များကို ဖန်တီးပေးရမည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00)2023-11-29 14:46:05  

 နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေပိုင်းတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့သည် နိုင်ငံခြားနှင့် ဆက်စပ်သော ဥပဒေ စိုးမိုးရေး အားဖြည့် ဆောင်ရွက်ခြင်းနှင့် ပတ်သက်ပြီး ၁၀ ကြိမ်မြောက် စုပေါင်း လေ့လာဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် ယခုအကြိမ် ဆွေးနွေးပွဲကို ကြီးမှူး ကျင်းပခဲ့ပါသည်။

   ဆွေးနွေးပွဲတွင် ရှီကျင့်ဖိန်က နိုင်ငံခြားနှင့် ဆက်စပ်သော ဥပဒေ စိုးမိုးရေး အားဖြည့် ဆောင်ရွက်ခြင်းသည် တရုတ်အသွင်ပုံစံခေတ်မီရေးဖြင့် အင်အားတောင့်တင်းသော နိုင်ငံ ဖြစ်လာအောင် တည်ဆောင်ခြင်းကို ဘက်စုံ တွန်းအားပေးရေးနှင့် မွန်မြတ်သော အမျိုးသား ရှင်သန်ရေးဆိုင်ရာ ရေရှည် လိုအပ်ချက် ဖြစ်သည့်အပြင် အရည်အသွေးမြင့်မားစွာ တံခါးဖွင့်မှုကို တွန်းအားပေးရေးနှင့် ပြင်ပမှ အန္တရာယ် စိန်ခေါ်မှုများကို ရင်ဆိုင် ဖြေရှင်းရေး ဆိုင်ရာ အရေးအကြီးဆုံး အကြောင်းအရာလည်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် နိုင်ငံတကာ အခြေအနေ၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေး အခြေအနေများကို ပိုမို ကောင်းမွန်စွာ ညှိနှိုင်းစီမံဆောင်ရွက်ပေးသည့် ရှုထောင့်မှနေ နိုင်ငံခြားနှင့် ဆက်စပ်သော ဥပဒေ စိုးမိုးရေး လုပ်ငန်း အရေးကြီးကြောင်းကို လေးနက်စွာ နားလည်သိရှိကာ အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အရည်အချင်း မြင့်မားစွာ တံခါးဖွင့်ရေးနှင့် လိုက်လျောညီထွေ ဖြစ်သည့် နိုင်ငံခြားနှင့် ဆက်စပ်သော ဥပဒေ စိုးမိုးရေး စည်းစနစ်နှင့် စွမ်းဆောင်ရည်များကို တည်ဆောက်ရမည် ဖြစ်၍ တရုတ်အသွင်ပုံစံ ခေတ်မီရေး ရေရှည် ဖွံ့ဖြိုးတိုးတက်ခြင်း အတွက် ဥပဒေစိုးမိုးရေး အခြေအနေနှင့် ပြင်ပ ပတ်ဝန်းကျင်များကို ဖန်တီးပေးရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။