ယာယီအပစ်အခတ်ရပ်စဲရေး ပဉ္စမနေ့အထိရောက်ရှိလာပြီး ဂါဇာဒေသခံများက ရေရှည် အပစ်အခတ်ရပ်စဲရေးကို မျှော်လင့်နေ

(GMT+08:00)2023-11-29 14:48:39  

ဒေသစံတော်ချိန် နိုဝင်ဘာလ ၂၈ ရက်နေ့က ဂါဇာဒေသတွင် ယာယီအပစ်အခတ်ရပ်စဲရေး ပဉ္စမနေ့အထိရောက်ရှိလာပြီဖြစ်ပြီး ဟားမတ်စ်အဖွဲ့နှင့် အစ္စရေးတို့သည် ပဉ္စမ အသုတ် ဖမ်းဆီးထားသူများ လဲလှယ်မှု ပြုလုပ်ခဲ့ပါသည်။ လူသားချင်းစာနာထောက်ထားမှု ပစ္စည်းများကို ဂါဇာ ဒေသသို့ ဝင်ရောက်ပို့ဆောင်ခဲ့ပြီး ဂါဇာဒေသခံများက ရေရှည်အပစ်အခတ်ရပ်စဲရေးကို မျှော်လင့်နေကြပါသည်။ ကာတာနိုင်ငံအပါအဝင် နိုင်ငံများစွာတို့သည် အပစ်အခတ်ရပ်စဲရေး သက်တမ်းကာလကို ထပ်မံတိုးနိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါသည်။