အီးယူအဖွဲ့သည် ယူကရိန်းတပ်ဖွဲ့များ၏ လေ့ကျင့်မှုကို ထောက်ပံ့ရန်အတွက် ယူရိုငွေ ၁၉၄သန်း ထပ်မံ ထုတ်ပေးမည်

(GMT+08:00)2023-11-29 14:49:30  

 အီးယူအဖွဲ့သည် ယူကရိန်းတပ်ဖွဲ့များ၏ လေ့ကျင့်မှုကို ထောက်ပံ့ရန်အတွက်  ရန်ပုံငွေ ထပ်မံထုတ်ပေးမည်ဟု ဥရောပကောင်စီက ဒေသစံတော်ချိန် နိုဝင်ဘာလ ၂၈ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့ပါသည်။ ဥရောပ ငြိမ်းချမ်းရေးရန်ပုံငွေပရောဂျက်(EPF)မှတစ်ဆင့် ယူရိုငွေ ၁၉၄သန်း ကို ထုတ်ပေးမည်ဖြစ်ပြီး ယခုအချိန်အထိ ဥရောပသမဂ္ဂသည် ယင်းထောက်ပံ့မှု ယန္တရားအောက်တွင် ယူကရိန်းတပ်သား ၃ သောင်း ၄ ထောင် ကျော်ကို လေ့ကျင့်ပေးပြီးဖြစ်ကြောင်းသတင်းရရှိပါသည်။