ဗြိတိန်နိုင်ငံ အနေနှင့် နိုင်ငံများစွာတို့၏ တောင်းဆိုချက်ကို အလေးထားပြီး လုယက်သွားခဲ့သည့် ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းများကို ပြန်ပေးသင့်

(GMT+08:00)2023-11-28 14:48:13  

   ဗြိတိန်နိုင်ငံ လန်ဒန်မြို့ Russell ရင်ပြင်ကြီးမှာ နာမည်ကြီးသည့် ဗြိတိန်ပြတိုက် ရှိသည်။ ယင်းပြတိုက်အတွင်း သိမ်းဆည်းထားသည့် ရှေးဟောင်းယဉ်ကျေးမှု ပစ္စည်း အများစုသည် အခြားနိုင်ငံမှ လုယက်လာခဲ့ခြင်း ဖြစ်သည်။ နှစ်ပေါင်း များစွာ အတွင်း သက်ဆိုင်ရာနိုင်ငံများက ဗြိတိန်နိုင်ငံက လုယက်သွားခဲ့သည့် ယင်း ယဉ်ကျေးမှုပစ္စည်းများကို ပြန်ပေးရန် အဆက်မပြတ် တောင်းဆိုခဲ့ကြသည်။ မကြာမီကပင် ဂရိ ဝန်ကြီးချုပ်က ဗြိတိန်ပြတိုက်အား  Parthenon ဘုံကျောင်းမှ မာဗယ်ကျောက် ရုပ်တုတွေကို ပြန်ပေးရန် တောင်းဆိုခဲ့သည်။ သူက အဲဒီ ရှေးဟောင်းယဉ်ကျေးမှု ပစ္စည်းများကို ဘယ်သူက ပိုင်ဆိုင်ခွင့်ရှိသလဲ ဆိုတာ မငြင်းသာတဲ့ အဖြစ်မှန် ဖြစ်တယ်၊ ဒါတွေဟာ ဂရိပစ္စည်းဖြစ်ပြီး အခိုး ခံရတာ ဖြစ်တယ်ဟု ပြောကြားခဲ့သည်။

   ဗြိတိန် ပြတိုက်သည် ဗြိတိန်၏ ကိုလိုနီ နယ်ချဲ့သမိုင်း ပြတိုက်ပင် ဖြစ်သည် ဆိုတာ လူအများက သိကြပါသည်။ ပြတိုက်ထဲတွင် သိမ်းဆည်းထားသည့် နိုင်ငံအသီးသီးမှ လုယက် ခိုးယူလာသော ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းများအနက် တရုတ် ရှေးဟောင်းယဉ်ကျေးမှုပစ္စည်း ၂၃၀၀၀ ခန့်လည်း ပါဝင်ပါသည်။ ကုလသမဂ္ဂ ယူနက်စကို အဖွဲ့မှ စာရင်းအရ ပြည်ပနိုင်ငံများရှိ တရုတ် ရှေးဟောင်း ယဉ်ကျေးမှုပစ္စည်း အနည်းဆုံး ၁.၆၄ သန်းကျော် ရှိပြီး ဗြိတိန် ပြတိုက်တွင် အများဆုံးပင် ဖြစ်သည်ဟု သိရပါသည်။ လုယက်မှု ခံထားရသော ရှေးဟောင်း ယဉ်ကျေးမှုပစ္စည်းများ ပြန်လည် ရရှိနိုင်ရန်အတွက် တရုတ်နိုင်ငံ အပါအဝင် သက်ဆိုင်ရာ နိုင်ငံများစွာက အဆက်မပြတ် ကြိုးပမ်းခဲ့ကြသည်။ သို့သော် ဗြိတိန်သည် ရှေးဟောင်း ယဉ်ကျေးမှုပစ္စည်းများ၏ လုံခြုံမှုကို ကာကွယ်ခြင်း အကြောင်းပြချက်ဖြင့် ငြင်းပယ်ခဲ့သည်။

  ကိုလိုနီခေတ် ကုန်လွန်ခဲ့ပြီ။ ဗြိတိန်နိုင်ငံ အနေနှင့် နိုင်ငံများစွာတို့၏ တရားမျှတသော တောင်းဆိုချက်များကို အလေးထားပြီး လုယက်သွားခဲ့သည့် ရှေးဟောင်း ယဉ်ကျေးမှု ပစ္စည်းများကို အမြန်ဆုံး ပြန်ပေးသင့်သည်။ ဗြိတိန်၏ မှောင်မည်းသည့် ကိုလိုနီခေတ် သမိုင်း အခြေအနေများ အဆုံးသတ်သင့်ပြီဟု China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်တွင် ရေးသားဖော်ပြထားပါသည်။