ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဒစ်ဂျစ်တယ်ကုန်သွယ်မှုကုန်စည်ပြပွဲ ကျင်းပပြီးစီး

(GMT+08:00)2023-11-28 14:49:38  

ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဒစ်ဂျစ်တယ်ကုန်သွယ်မှုကုန်စည်ပြပွဲကို နိုဝင်ဘာလ ၂၇ ရက်နေ့က ကျင်းပပြီးစီးခဲ့ပါသည်။ တတိယအကြိမ်မြောက် ကမ္ဘာ့ဒစ်ဂျစ်တယ်ကုန်သွယ်မှုကုန်သွယ်ရေးပြပွဲကို ၂၀၂၄ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း၊ ယင်းမှစ၍ နှစ်စဉ်နှစ်တိုင်း စက်တင်ဘာလ နောက်ဆုံးပတ်တွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ယခုအကြိမ်ကုန်စည်ပြပွဲတွင် နိုင်ငံနှင့်ဒေသ ၂၅ခုမှ ကုမ္ပဏီ ၁၃၀၀ ကျော်ကို အွန်လိုင်း-အော့ဖ်လိုင်း ပြပွဲများ ပါဝင်ပြသရန် ဆွဲဆောင်နိုင်ခဲ့ပြီး လုပ်ငန်းနယ်ပယ်အမျိုးမျိုးမှ အစီရင်ခံစာ၊ ဆောင်ရွက်မှု အခြေအနေနှင့် ပူးပေါင်းဆောင်ရွက်မှုအဆိုပြုချက်စသည့် အောင်မြင်မှုရလဒ် ၁၂၀ ခု ထုတ်ပြန်ကာ ဒစ်ဂျစ်တယ် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ သဘောတူညီမှု ပိုမိုရရှိနိုင်ရန် တွန်းအားပေးခဲ့ပါသည်။