ချစ်ခင်ရင်းနှီးစွာ ကူးလူးဖလှယ်ပြီး ငြိမ်းချမ်းရေးကို အတူ မျှဝေခံစားခြင်း- ၂၀၂၃ ခုနှစ် ပန်ဒါဝက်ဝံ ပါးစီး ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးဖိုရမ် ကျင်းပ

(GMT+08:00)2023-11-28 21:43:35  

 နိုဝင်ဘာလ ၂၈ ရက်နေ့က တရုတ် နိုင်ငံတကာ ချစ်ကြည်မှု ဆက်သွယ်ရေး အသင်းနှင့် China Media Group တို့ လက်တွဲ ဦးစီးကျင်းပသော ၂၀၂၃ ခုနှစ် ပန်ဒါဝက်ဝံ ပါးစီး ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးဖိုရမ်ကို တရုတ်နိုင်ငံ စီချွမ်းပြည်နယ် တူးကျန်းယန့်မြို့၌ ကျင်းပခဲ့ပါသည်။ တရုတ် နိုင်ငံတကာ ချစ်ကြည်မှု ဆက်သွယ်ရေး အသင်း ဒုတိယ ဥက္ကဋ္ဌ ချင်ကိုဖိန်နှင့် China Media Group ဒုတိယ ဥက္ကဋ္ဌ ရှင်ပိုတို့သည် ဖိုရမ်သို့ တက်ရောက်ပြီး အမှာစကား အသီးသီး ပြောကြားခဲ့ကြပါသည်။

  ယခုအကြိမ် ဖိုရမ်၏ ဆောင်ပုဒ်သည် ချစ်ခင်ရင်းနှီးစွာ ကူးလူးဖလှယ်ပြီး ငြိမ်းချမ်းရေးကို အတူ မျှဝေခံစားခြင်း ဖြစ်ကာ အမေရိကန်၊ အီတလီ၊ ဘယ်လ်ဂျီယံ၊ ကာတာ၊ မော်ရိုကို၊ သီရိလင်္ကာ စသည့်နိုင်ငံများမှ ချစ်ကြည်ရေးပုဂ္ဂိုလ်များ၊ စီချွမ်းပြည်နယ် ဂေဟစနစ် ပတ်ဝန်းကျင် ဦးစီးဌာန၊ စီချွမ်းပြည်နယ် လယ်ယာစိုက်ပျိုးရေး ဦးစီးဌာန စသည့် ဌာနများမှ တာဝန်ရှိသူများ၊ ကျွမ်းကျင်ပညာရှင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း လူ ၂၀၀ ခန့်တို့သည် ဖိုရမ်သို့ တက်ရောက် ခဲ့ကြပါသည်။

   ချင်ကိုဖိန်က ယခုအကြိမ်ဖိုရမ်၏ ရည်ရွယ်ချက်သည် ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး သံတမန်ဖြစ်သူ ပန်ဒါဝက်ဝံ ပါးစီး၏ ထူးဆန်းဖွယ်ရာ အကြောင်းဖြစ်ရပ်များကို မိတ်ဆက် ပြောကြားခြင်းဖြင့် တရုတ်ယဉ်ကျေးမှုထဲတွင် ပါရှိသည့် ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး အတွေးအခေါ်များကို နက်ရှိုင်းစွာ ဖော်ပြ၍ သမ္မတ ရှီကျင့်ဖိန်၏ ဂေဟစနစ် ယဉ်ကျေးမှု အတွေးအခေါ်များကို ဖော်ပြကာ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးကို တစ်လျှောက်လုံး စွဲကိုင်ပြီး အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေးကို တက်ကြွစွာ အကောင်အထည် ဖော်ဆောင်သော တရုတ်ပြည်အကြောင်းကို ကမ္ဘာကြီးအား ပိုမို နားလည် သိရှိစေရန် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

  အီတလီ ဝန်ကြီးချုပ်ဟောင်း၊ ဥရောပ ကော်မတီ ဥက္ကဋ္ဌဟောင်းRomano Prodi ၊ အမေရိကန် တိရစ္ဆာန်နှင့် ရုပ်က္ခပင် အသင်း ဒါရိုက်တာချုပ်နှင့် CEO Paul Baribault၊ အမေရိကန်-တရုတ် ဆက်ဆံရေး ပြည်လုံးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ Steve Orlins၊ ဘယ်လ်ဂျီယံ Paradise Zoo ဒါရိုက်တာချုပ် Eric Domb တို့သည်လည်း ဖိုရမ်၌ အမှာစကားများ အသီးသီး ပြောကြားခဲ့ကြပါသည်။ ယခုအကြိမ် ဖိုရမ်တွင် တူးကျန်းယန့် ကြေညာစာတမ်းကိုလည်း ထုတ်ပြန်ခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။