ပထမ အကြိမ် တရုတ် နိုင်ငံတကာ ထောက်ပံ့ရေးကွင်းဆက် ဖွံ့ဖြိုးရေး ကုန်စည်ပြပွဲ ဖွင့်လှစ်

(GMT+08:00)2023-11-28 14:50:15  

  ပထမ အကြိမ် တရုတ် နိုင်ငံတကာ  ထောက်ပံ့ရေးကွင်းဆက် ဖွံ့ဖြိုးရေး ကုန်စည်ပြပွဲ ကို နိုဝင်ဘာလ ၂၈ ရက်နေ့က ဘေကျင်း၌ ဖွင့်လှစ်ခဲ့ပါသည်။ ငါးရက်ကြာ ကျင်းပမည့် ယခုအကြိမ် ကုန်စည်ပြပွဲ၏ ဆောင်ပုဒ်သည် ကမ္ဘာကြီးအား ချိတ်ဆက်ပြီး အနာဂတ်ရေးကို လက်တွဲ ဖန်တီးခြင်း ဖြစ်ပါသည်။ ကုန်စည်ပြပွဲတွင် ပါဝင်ကြသော ပြည်တွင်းပြည်ပမှ လုပ်ငန်းကုမ္ပဏီများနှင့် အဖွဲ့အစည်းများသည် ထောက်ပံ့ရေး ကွင်းဆက်၏ အဆင့်ကဏ္ဍ အမျိုးမျိုးသော နည်းပညာသစ်၊ ကုန်ပစ္စည်းသစ်နှင့် ဝန်ဆောင်မှုသစ်များကို ပြသသွားမည် ဖြစ်ပါသည်။

   နိုင်ငံတကာ ပထမဆုံးသော ကုန်စည် ထောက်ပံ့ရေး ကွင်းဆက်ကို အဓိကထားသည့် နိုင်ငံအဆင့် ကုန်စည်ပြပွဲ အဖြစ်ဖြင့် ယခုအကြိမ် ကုန်စည်ပြပွဲတွင် စမတ် မော်တော်ယာဉ် ကွင်းဆက်၊ အစိမ်းရောင် လယ်ယာစိုက်ပျိုးရေးကွင်းဆက်၊ သန့်စင်စွမ်းအင် ကွင်းဆက်၊ ဒစ်ဂျစ်တယ် သိပ္ပံနည်းပညာ ကွင်းဆက်၊ ကျန်းမာရေး နေထိုင်မှုဘဝ ကွင်းဆက် အပါအဝင် ကွင်းဆက်နှင့် ကွင်းဆက်ဝန်ဆောင်မှု ပြသဇုန် ၅ ခု ထားရှိထားကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။