တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အစည်းအဝေး ကျင်းပ

(GMT+08:00)2023-11-28 14:50:50  

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့သည် နိုဝင်ဘာလ ၂၇ရက်နေ့က အစည်းအဝေးကျင်းပပြီး “ရန်စီမြစ်စီးပွားရေးဇုန် အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရန် တစ်ဆင့်တက်တွန်းအားပေးရေးနှင့် ပတ်သက်သော မူဝါဒနှင့် ဆောင်ရွက်ချက်နည်းလမ်းများဆိုင်ရာ လမ်းညွှန်ချက်စာတမ်း”၊ “တရုတ်ကွန်မြူနစ်ပါတီ၏ သံတမန်ရေးရာလုပ်ငန်း ဦးဆောင်မှုဆိုင်ရာ စည်းမျဉ်းများ” ကို စိစစ်ခဲ့ပါသည်။ တရုတ် ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန် သည် အစည်းအဝေးကို ကြီးမှူးကျင်းပခဲ့ပါသည်။