ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ဂါဇာကမ်းမြောင်ဒေသ အခြေအနေအတွက် “မျှော်လင့်ချက် အနည်းငယ်” ယူဆောင်ပေးသည်ဟု ဂူတာရက်စ်ဆို

(GMT+08:00)2023-11-28 14:44:32  

ဒေသစံတော်ချိန် နိုဝင်ဘာလ ၂၇ ရက်နေ့က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်သည် သတင်းထောက်နှင့် တွေ့ဆုံရာတွင် အစ္စရေးနှင့် ပါလက်စတိုင်း ဟားမတ်စ် တို့သည် ယာယီ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို နှစ်ရက် သက်တမ်းတိုးရန် သဘောတူညီချက်ရရှိခဲ့ပြီး ဂါဇာကမ်းမြောင်ဒေသ အခြေအနေအတွက် “မျှော်လင့်ချက်အနည်းငယ်” ယူဆောင်ပေးကြောင်း၊ နှစ်ရက်ကြာ အပစ်အခတ်ရပ်စဲရေးသည် ဂါဇာကမ်းမြောင်သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ ပိုမိုဝင်ရောက်နိုင်ရန် မျှော်လင့်ထားကြောင်း၊ သို့သော် နှစ်ရက်ကြာ အပစ်အခတ်ရပ်စဲထားရင်တောင် လူသားချင်းစာနာထောက်ထားမှုအကူအညီများသည် ဂါဇာကမ်းမြောင် ဒေသခံတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မည်မဟုတ်ကြောင်း အလေးပေးပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။