ယူနန်-ရှီးဇန့်(တိဘက်) ရထားလမ်း၏ Lijiang-ShangriLa အပိုင်း စတင် ပြေးဆွဲ

(GMT+08:00)2023-11-27 16:53:23  

ယူနန်-ရှီးဇန့်(တိဘက်) ရထားလမ်း၏ Lijiang-ShangriLa အပိုင်းကို နိုဝင်ဘာလ ၂၆ ရက်နေ့တွင် စတင် ပေးဆွဲပါပြီ။ သို့ဖြစ်၍ ယူနန် ဒီချင့် ဇန့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသခွဲတွင် မီးရထားမရှိသော သမိုင်းကြောင်းကို အဆုံးသတ်လိုက်ပါသည်။ ဤအပိုင်းရထားလမ်းသည် စုစုပေါင်းအရှည် ၁၃၉ ကီလိုမီတာရှိပြီး အမြန်နှုန်းက တစ်နာရီလျှင် ၁၄၀ ကီလိုမီတာရှိပါသည်။ ၎င်းသည် နိုင်ငံ အဆင့်တစ် single-track လျှပ်စစ်ရထားလမ်းဖြစ်ပြီး လိကျန်း မြို့ဟောင်း၊ ယွိလွန်နှင်းတောင်၊ ဟာဘာနှင်းတောင်၊ ShangriLa နှင့် အခြားရှုခင်းသာနေရာများကို ချိတ်ဆက်ထားပါသည်။ ယင်းရထားလမ်းကို ဖွင့်လှစ်ပြီးနောက် လိကျန်းမှ ShangriLa သို့ ၁ နာရီ ၁၈ မိနစ်ဖြင့် ရောက်ရှိနိုင်မည်ဖြစ်ပြီး ကူမင်း မှ ShangriLa သို့ ၄ နာရီခွဲလောက် ရောက်ရှိနိုင်မည်ဖြစ်ပါသည်။