တရုတ်နိုင်ငံခြားကုန်သွယ်ရေးတည်ငြိမ်မှု၏အခြေခံ အဆက်မပြတ်ခိုင်မာလာပြီး တိုးတက်မှုအရှိန်အဟုန် တဖြည်းဖြည်းပေါ်လာ

(GMT+08:00)2023-11-27 16:52:35  

၂၀၂၃ခုနှစ်အတွင်း ကမ္ဘာ့အဓိကစီးပွားရေးအုပ်စုများ၏ နိုင်ငံခြားကုန်သွယ်ရေး များစွာကျဆင်းနေသော အခြေအနေတွင် တရုတ်နိုင်ငံခြားကုန်သွယ်ရေးတည်ငြိမ်မှု၏ အခြေခံသည် အဆက်မပြတ်ခိုင်မာလာပြီး တိုးတက်မှုအရှိန်အဟုန် တဖြည်းဖြည်းပေါ်လာကြောင်း သိရပါသည်။

တရုတ်နိုင်ငံတွင် စက်ယန္တယားနှင့် အီလက်တရွန်နစ် ကုန်ပစ္စည်းများ၊ အဆင့်မြင့် နည်းပညာသစ် စသော အရေးကြီးကုန်ပစ္စည်းများ တင်သွင်းတင်ပို့ခြင်း တိုးတက်လာပြီး တရုတ်နိုင်ငံခြားကုန်သွယ်ရေး ဖွဲ့စည်းပုံ အဆက်မပြတ်ကောင်းမွန်လာ ကြောင်း၊ “Belt and Road” အတူတည်ဆောက်သောနိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် ကုန်သွယ်ရေးပမာဏ လျင်မြန်စွား တိုးမြင့်လာကြောင်း၊ ၂၀၂၃ခုနှစ် ပထမ၃လပတ်၊ ဒုတိယ၃လပတ် နှင့် တတိယ၃လပတ်တွင် တရုတ်နိုင်ငံ၏ သွင်းကုန်ပို့ကုန် စုစုပေါင်း ပမာဏသည် ယွမ် ၉၇၂၀ ဘီလီယံ၊ ၁၀၂၉၀ဘီလီယံ နှင့် ၁၀၇၉၀ ဘီလီယံ အသီးသီးရှိကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။