ဟားမတ်စ်နှင့် အစ္စရေးတို့သည် ဒုတိယအသုတ် ဖမ်းဆီးခံရသူများကို အသီးသီးလွှတ်ပေးခဲ့

(GMT+08:00)2023-11-27 16:55:09  

ပါလက်စတိုင်း ဟားမတ်စ်က ဖမ်းဆီးထားသော အစ္စရေးလူမျိုး ၁၃ ဦးနှင့် နိုင်ငံခြားသား ၄ ဦးကို နိုဝင်ဘာလ ၂၅ရက်နေ့တွင် ပြန်လွှတ်ပေးပြီး ၎င်းတို့ကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီသို့ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု ပါလက်စတိုင်း ဟားမတ်စ်က ထိုနေ့ညမှာ ပြောခဲ့ပါသည်။

ပါလက်စတိုင်းရုပ်မြင်သံကြားဌာနမှ သတင်းဖော်ပြချက်အရ အစ္စရေးမှ လွှတ်ပေးသည့် ပါလက်စတိုင်းသားများကို တင်ဆောင်ထားသော ဘတ်စ်ကားတစ်စီးသည် နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက်အစောပိုင်းတွင် ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းရှိ Ofer အကျဉ်းထောင်မှ ထွက်ခွာသွားခဲ့ကြောင်း သိရပါသည်။