လိုင်းသစ်များ ဖွင့်လှစ်ခြင်းသည် ခရီးသွားလာမှုတိုးပွားလာခြင်းအတွက် အထောက်အကူ ပြု

(GMT+08:00)2023-11-27 16:52:59  

China Railway Group မှ နောက်ဆုံးစာရင်းအရ ၂၀၂၃ ခုနှစ် ပထမ ဆယ် လပတ်တွင် တရုတ်တစ်ပြည်လုံးရှိ မီးရထားများသည် ခရီးသည် ၃.၃  ဘီလီယံခန့် သယ်ယူပို့ဆောင်ခဲ့ပြီး၊ ယမန်နှစ်အလားတူအချိန်ပိုင်းကထက် ၁၁၉ ရာခိုင်နှုန်းတိုးလာကာ သမိုင်းစံချိန်သစ် တင်နိုင်ခဲ့ကြောင်း သိရပါသည်။ ယင်းအနက် စက်တင်ဘာလက တစ်ပြည်လုံးမှ တစ်ရက်တာ လက်မှတ်ရောင်းချမှုပမာဏနှင့် တစ်ရက်တာ ခရီးသည်ပို့ဆောင်မှုပမာဏတို့သည် သမိုင်း စံချိန်သစ်တင်နိုင်ခဲ့ပါသည်။

တစ်ချိန်တည်းတွင်ပင် ပထမ ဆယ် လပတ်တွင် တရုတ်-လာအို ရထားလမ်းနှင့် ကွမ်ကျိုး-ရှိန်ကျင့်-ဟောင်ကောင် မြန်နှုန်းမြင့် ရထားများသည် နယ်စပ်ဖြတ်ကျော် ခရီးသည် ၉၀၆၀၀ နှင့် ၁၆.၁၁၇ သန်းကို အသီးသီး ပို့ဆောင်နိုင်ခဲ့သည်ဟု သိရပါသည်။