ဂျပန် ကြက်ခြံတစ်ခုတွင် ကြက်ငှက်တုပ်ကွေးရောဂါ တွေ့ရှိ

(GMT+08:00)2023-11-27 16:55:36  

နိုဝင်ဘာလ ၂၇ရက်နေ့တွင် ဂျပန်နိုင်ငံ Kasama-shi မြို့ ကြက်ခြံတစ်ခုတွင် ကြက်ငှက်တုပ်ကွေးရောဂါ တွေ့ရှိခဲ့ကြောင်း၊ ၂၇ရက်နေ့ နံနက်၉နာရီမှစ၍ ၄င်းကြက်ခြံတွင် ကြက်အကောင် ၇၂၀၀၀ ကို သတ်ဖြတ်ခဲ့ကြောင်း ဂျပန်မီဒီယာများမှ ထုတ်ပြန်သော သတင်းအရ သိရပါသည်။
ယင်းနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် ဂျပန်ကက်ဘိနက်အဖွဲ့အတွင်းဝန်ချုပ် Matsuno Hirokazu က လာမည့်အချိန်ကာလမှာ ကြက်ငှက်တုပ်ကွေးရောဂါ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ဂျပန်အစိုးရသည် ကြက်ငှက်တုပ်ကွေးရောဂါ မပြန့်ပွားစေရေး စီမံခန့်ခွဲခြင်း အရေးကြီးသည်ကို သတိထားမိကြောင်း၊ အစိုးရသည် သက်ဆိုင်ရာဌာနများနှင့် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ပြီး ရင်ဆိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။