မော်စကိုအပါအဝင် ဒေသအချို့ကို တိုက်ခိုက်ရန် လာသော ယူကရိန်း ဒရုန်း ၉ စင်းကို ဖျက်ဆီးခဲ့သည် ဟု ရုရှား ကာကွယ်ရေးဝန်ကြီးဌာနဆို

(GMT+08:00)2023-11-27 16:54:43  

နိုဝင်ဘာလ ၂၆ ရက်နေ့က ရုရှား ကာကွယ်ရေးဝန်ကြီးဌာနသည် လူမှုကွန်ယက်တွင် သတင်းထုတ်ပြန်ခဲ့ရာ ထိုနေ့ နံနက် အစောပိုင်းမှာ ရုရှား လေကြောင်း ကာကွယ်ရေး စနစ်သည် ဗဟို ဖက်ဒရယ်ဇုန် ဖြစ်သည့် မော်စကို၊ တူလာ၊ ကာလူဂါ နှင့် ဘရန်စကို ဒေသများပေါ်မှ ယူကရိန်း ဒရုန်း ၉ စင်းကို ဖျက်ဆီးခဲ့ကြောင်း ဖော်ပြထားသည်။