အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားအား ခရီးသည်များ အားတက်သရောလိုက်ပါစီးနင်း

(GMT+08:00)2023-11-27 16:54:17  

ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းသည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်နှင့် နာမည်ကျော် ခရီးသွားမြို့ဘန်ဒေါင်းမြို့ကို ချိတ်ဆက်ထားပြီး လမ်းတစ်လျှောက်လုံး ၁၄၂ကီလိုမီတာရှည်လျားကာ အင်ဒိုနီးရှားနှင့် အရှေ့တောင်အာရှ၌ ပထမဆုံးသော မြန်နှုန်းမြင့်ရထားလမ်းဖြစ်၍ တရုတ်နှင့်အင်ဒိုနီးရှားနှစ်နိုင်ငံ “Belt and Road” အတူတည်ဆောက်ရာတွင် ပူးပေါင်းဆောင်ရွက်မှု၏ “ရွှေရောင် ဆိုင်းဘုတ်”နှင့် နှစ်နိုင်ငံ ထိတွေ့ပူးပေါင်းဆောင်ရွက်ရေး၏ အရေးကြီးလုပ်ငန်းဖြစ်ကြောင်း သိရပါသည်။

စာရင်းအရ နိုဝင်ဘာလ ၁၇ရက်နေ့အထိ အဆိုပါရထားလမ်း တစ်လကြာ လည်ပတ်ခဲ့ပြီဖြစ်ကြောင်း၊ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းသည် ခရီးသည်ဦးရေ ၃သိန်း ၈သောင်း ၃ထောင်ကို ပို့ဆောင်ခဲ့ပြီး တစ်နေ့အတွင်း အများဆုံး ခရီးသည်စီးနင်းမှုနှုန်း ၉၈.၇ ရာခိုင်နှုန်းရှိကာ ရထားစီးသူ ဦးရေ အားကောင်းစွာတိုးတက်လာကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။