ကင်ဂျုံအန်းသည် ကင်းထောက်ဂြိုဟ်တု "Malligyong 1" ၏ လည်ပတ်မှုအခြေအနေကို ကြည့်ရှုစစ်ဆေး

(GMT+08:00)2023-11-26 14:45:50  

 မြောက်ကိုရီးယား ဗဟိုသတင်း အေဂျင်စီ KCNAမှ နိုဝင်ဘာလ ၂၅ ရက်နေ့က ဖော်ပြချက်အရ မြောက်ကိုရီးယားအလုပ်သမားပါတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော် ကောင်စီ ဥက္ကဋ္ဌ ကင်ဂျုံအန်းသည် မြောက်ကိုရီးယား အမျိုးသား လေကြောင်းနှင့် အာကာသ နည်းပညာ ဌာနချုပ် ပြုံယမ်း ဘက်စုံထိန်းချုပ်ရေးစခန်းသို့ သွားရောက်ပြီး၊ ကင်းထောက် ဂြိုဟ်တု "Malligyong 1" ၏ လည်ပတ်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့သည်ဟု သိရပါသည်။

သက်ဆိုင်ရာသတင်းအရ ကင်းထောက်ဂြိုဟ်တု " Malligyong 1" သည် Ulsan၊ Pohang၊ Daegu နှင့် Gangneung စသည့်ဒေသများ၏ ဓာတ်ပုံများကို ရိုက်ယူခဲ့ပြီး၊ ဘူဆန်တွင် ရပ်နားထားသည့် အမေရိကန်ရေတပ်မှ နျူကလီးယားစွမ်းအင်သုံး လေယာဉ် တင်သင်္ဘော USS Carl Vinson ကိုလည်း ဓာတ်ပုံရိုက်ခဲ့သည်ဟု သိရပါသည်။