တရုတ်-ဗီယက်နမ် Beibuပင်လယ်ကွေ့ ၃၅ကြိမ်မြောက် ပူးတွဲကင်းလှည့်ရေးလှုပ်ရှားမှု အောင်မြင်စွာကျင်းပပြီးစီးပြီး နှစ်နိုင်ငံ ရေတပ်ချစ်ကြည်ရေးပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေး

(GMT+08:00)2023-11-26 14:49:49  

 တရုတ်-ဗီယက်နမ် Beibuပင်လယ်ကွေ့ ၃၅ကြိမ်မြောက် ပူးတွဲကင်းလှည့်ရေး လှုပ်ရှားမှုကို နိုဝင်ဘာလ ၂၃ရက်နေ့က အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။ ယခုအကြိမ် ပူးတွဲကင်းလှည့်ရေးလှုပ်ရှားမှုတွင် တရုတ်၊ဗီယက်နမ်နှစ်နိုင်ငံတို့သည် ရေတပ်စစ်သင်္ဘော ၄စီးကို စေလွှတ်ခဲ့ပြီး ၂၆နာရီကြာ ရေမိုင် စုစုပေါင်း ၂၇၉မိုင် မောင်းနှင်ခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။