အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အသက်ဝင်ခဲ့ပြီး နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ထိုင်း ဓားစာခံ ၁၀ ဦးကို ဟားမတ်စ်က ပြန်လွှတ်ပေးခဲ့သည်။ ယင်းထိုင်းဓားစာခံ ၁၀ ဦးကို အောက်တိုဘာလ ၇ ရက်နေ့တွင် အစ္စရေးနိုင်ငံ အပေါ် တိုက်ခိုက်မှုအတွင်း ဟားမတ်စ်မှ ပြန်ပေးဆွဲသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။









