ဝမ်ယိသည် ဂျပန် ဝန်ကြီးချုပ် Yoko Kamikawaနှင့် တွေ့ဆုံနှုတ်ဆက်

(GMT+08:00)2023-11-26 14:48:09  

ဒေသ စံတော်ချိန် ယခုလ ၂၅ရက်နေ့က တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အဖွဲ့ဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် တောင်ကိုရီးယား နိုင်ငံ Busanတွင် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ကျင်းပစဉ် အတောအတွင်း ဂျပန် ဝန်ကြီးချုပ် Yoko Kamikawaနှင့် တွေ့ဆုံနှုတ်ဆက် ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် ဝမ်ယိက မကြာခင်က သမ္မတ ရှီကျင့်ဖိန်နှင့် ဝန်ကြီးချုပ် Fumio Kishidaတို့ အမေရိကန် နိုင်ငံ San Franciscoတွင် တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပပြီး မဟာဗျူဟာမြောက် အပြန်အလှန် အကျိုးရှိစေသည့် ဆက်ဆံမှု ဘက်စုံ တွန်းအားပေးသည့် နှစ်နိုင်ငံ ဆက်ဆံရေး အနေအထားကို ပြန်လည် သတ်မှတ်ကာ ခေတ်ကာလသစ်၏ လိုအပ်ချက်နှင့် အညီ အပြုသဘောဆောင်သော၊ တည်ငြိမ်သော တရုတ်-ဂျပန် ဆက်ဆံမှု တည်ဆောက်ရန် အားထုတ်ကြိုးပမ်းကြကြောင်း၊ မိမိတို့သည် ထိပ်သီး ခေါင်းဆောင်များ၏ သဘောတူညီချက်များကို လက်တွေ့ အကောင်အထည် ဖော်ဆောင်ပြီး တရုတ်-ဂျပန် ဆက်ဆံမှုကို ကောင်းမွန်မှန်ကန်သော လမ်းကြောင်း အတိုင်း ရှေ့သို့ ဖွံ့ဖြိုးတိုးတက်စေရန် တွန်းအားပေးသင့်ကြောင်း ပြောကြားခဲ့ပါသည်။

Yoko Kamikawaက ဂျပန်ဘက်သည် တရုတ်ဘက်နှင့် ရင်းနှီးစွာ ညှိနှိုင်းဆောင်ရွက်ပြီး ဆွေးနွေးခြင်းနှင့် ကူးလူးဖလှယ်ခြင်းကို အားဖြည့်ပြုလုပ်ကာ ဂျပန်-တရုတ် ဆက်ဆံမှုကို နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ ညွှန်ပြပေးသည့် ဦးတည်ချက် အတိုင်း ရှေ့သို့ ဖွံ့ဖြိုးတိုးတက်စေရန် တွန်းအားပေးလိုကြောင်း ပြောကြားခဲ့ပါသည်။