ကမ္ဘာလုံးမှ ပထမဆုံးသော “လေကြောင်း ပစ်ကပ်”လေယာဉ်ကို တရုတ်ပြည်၌ ပထမဆုံး အကြိမ် ခင်းကျင်းပြသ

(GMT+08:00)2023-11-26 14:49:07  

နိုဝင်ဘာလ ၂၄ရက်နေ့က တရုတ်နိုင်ငံကွမ်တုံးပြည်နယ် ကျူးဟိုင်မြို့၌ Aero Asia 2023ပြပွဲတွင် ကမ္ဘာလုံးမှ ပထမဆုံးသော “လေကြောင်း ပစ်ကပ်” ခရီးတို ပျံသန်းဆင်းသက် သယ်ယူပို့ဆောင်ရေးလေယာဉ်ကို တရုတ်ပြည်၌ ပထမဆုံး အကြိမ် ခင်းကျင်းပြသခဲ့ပါသည်။ “လေကြောင်း ပစ်ကပ်”လေယာဉ်သည် လူကိုရော ကုန်ပစ္စည်းကိုပါ သယ်ဆောင်နိုင်ပြီး ပစ္စည်းတန်ချိန် ကီလိုဂရမ် ၁၃၅၀ကို သယ်ဆောင်နိုင်ကာ လေထီးခုန်ခြင်း အတွက်လည်း အသုံးပြုနိုင်ပါသည်။ “လေကြောင်း ပစ်ကပ်”လေယာဉ်သည် ဆီအပြည့်ထည့်လျှင် ကီလို မီတာ ၂၀၀၀ခန့် ပျံသန်းနိုင်ပြီး ကုန်းပြင်မြင့်ဒေသသယ်ယူပို့ဆောင်ရေး၊ ကျွန်းသို့ ပို့ဆောင် ရေး၊ လေကြောင်း လေထီးခုန်ခြင်းအားကစား၊ လေကြောင်းဓာတ်ပုံရိုက်၊ လေကြောင်းခရီး လှည့်လည်ရေး၊ အရေးပေါ် ကယ်ဆယ်ရေးနှင့် ဝေဒနာရှင် ပို့ဆောင်ရေးစသောနယ်ပယ်များ၌ အသုံးပြုနိုင်ပါသည်။