တရုတ် တောင်ပိုင်း စစ်နယ်သည် တရုတ်-မြန်မာ နယ်စပ်၏ တရုတ်ဘက်တွင် တကယ့်တိုက်ပွဲဝင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်

(GMT+08:00)2023-11-25 15:34:30  

    တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် တောင်ပိုင်း စစ်နယ်မှ ပြောရေးဆိုခွင့်ရှိသူ၊ လေတပ် အထက်တန်း ဗိုလ်မှူးကြီး ထျန်ကျွင်းလီက နှစ်စဉ် လေ့ကျင့်ရေး စီမံကိန်း အရ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် တောင်ပိုင်း စစ်နယ်သည် ကြည်းတပ် တပ်ဖွဲ့ကို စုစည်းပြီး ယခုလ ၂၅ရက်နေ့ မှစ၍ တရုတ်-မြန်မာ နယ်စပ်၏ တရုတ်ဘက်တွင် တကယ့်တိုက်ပွဲဝင် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ကြောင်း၊ တောင်ပိုင်း စစ်နယ်ရှိ တပ်ဖွဲ့များ၏ လိုရာသုံး လျင်မြန်စွာ စစ်ဆင်တိုက်ခိုက်နိုင်စွမ်း၊ နယ်စပ် ထိန်းချုပ်မှု စွမ်းရည်နှင့် ပစ်ခတ်တိုက်ခိုက်နိုင်စွမ်းကို စစ်ဆေးရန် ရည်ရွယ်ထားကြောင်း၊ စစ်နယ်ရှိ တပ်ဖွဲ့များသည် ရှောင်တခင် ဖြစ်ပွားသည့် အရေးအခင်းနှင့် အခြေအနေကို ရင်ဆိုင်ဖြေရှင်းရန် အချိန်မရွေး အဆင်သင့် ဖြစ်ပြီး နိုင်ငံတော် အချုပ်အခြာ အာဏာ၊ နယ်စပ် ဒေသ တည်ငြိမ်ရေးနှင့် ပြည်သူများ၏ အသက်နှင့် ဓနဥစ္စာ လုံခြုံရေးကို ပြတ်ပြတ်သားသား ထိန်းသိမ်းကာကွယ်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။