“ပိုးလမ်းမကြီး အွန်လိုင်း ကုန်သွယ်ရေး”သည် “Belt and Road” အရည်အသွေးမြင့် အတူထူထောင်ရေးတွင် စိတ်ဝင်စားဖွယ်အကောင်းဆုံးအသစ်ဖြစ်လာ

(GMT+08:00)2023-11-25 14:25:39  

“ပိုးလမ်းမကြီး အွန်လိုင်း ကုန်သွယ်ရေး”သည် နိုင်ငံဖြတ်ကျော် အွန်လိုင်း ကုန်သွယ်ရေး နှင့် “Belt and Road”တို့၏ အားကောင်းသော ပူးပေါင်းဆောင်ရွက်မှုဖြစ်ကြောင်း၊ နိုင်ငံဖြတ်ကျော် အွန်လိုင်း ကုန်သွယ်ရေးသည် “Belt and Road” အတူတည်ဆောက်ရေး အဆိုပြုချက်အောက်တွင် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာသည်နှင့် အမျှ “ပိုးလမ်းမကြီး  အွန်လိုင်းကုန်သွယ်ရေး” ဖြစ်တည်လာပြီး “အွန်လိုင်း ပိုးလမ်းမကြီး” ဖြစ်လာပါသည်။

ယခုနှစ်သည် “Belt and Road” အတူထူထောင်ရေး အဆိုပြုချက်ကို ဖော်ပြသော ၁၀နှစ်ပြည့်မြောက်သည့်နှစ်ဖြစ်ကြောင်း၊ “ပိုးလမ်းမကြီး အွန်လိုင်းကုန်သွယ်ရေး” နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးသည် “Belt and Road” အတူထူထောင်ရေး အဆိုပြုချက်ကို အကောင်အထည်ဖော်ရန် အရေးကြီးအသေးစိတ်ဆောင်ရွက်ချက် ဖြစ်ကြောင်း၊ နှစ်ပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် ဘက်ပေါင်းစုံ၊ နှစ်ဖက်စလုံး စီးပွားကုန်သွယ်‌ရေး ပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းသစ်နှင့် “Belt and Road” အရည်အသွေးမြင့် အတူထူထောင်ရေးတွင် စိတ်ဝင်စားဖွယ်အကောင်းဆုံးအသစ်ဖြစ်လာပြီ ဖြစ်ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။