ပြင်သစ်၊ ဂျာမဏီ စသည့် ၆ နိုင်ငံအတွက် တစ်ဖက်သတ် ဗီဇာကင်းလွတ်ခွင့်မူဝါဒကို စမ်းသပ်ကျင့်သုံးရန် တရုတ်ဆုံးဖြတ်

(GMT+08:00)2023-11-25 14:25:18  

    တရုတ်နှင့် အခြားနိုင်ငံများအကြား အပြန်အလှန် ကူးလူးဖလှယ်မှု လွယ်ကူစေရေး ဝန်ဆောင်မှုများ အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရန်နှင့် အဆင့် မြင့်မားစွာ တံခါးဖွင့်ရေး တွန်းအားပေးရန် အတွက် တရုတ်ပြည်က တစ်ဖက်သတ် ဗီဇာကင်းလွတ်သော နိုင်ငံများ၏ အတိုင်းအတာကို တိုးချဲ့ရန် စမ်းသပ်ပြုလုပ်မည်ဟု ဆုံးဖြတ်ပြီး ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နှင့် မလေးရှား ၆နိုင်ငံများမှ သာမန် ပါစပို့ကိုင်ဆောင်သူများအား တစ်ဖက်သတ် ဗီဇာကင်းလွတ်ခွင့် မူဝါဒကို စမ်းသပ် ပြုလုပ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က ၂၄ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။