ဂါဇာဒေသရှိ အင်ဒိုနီးရှား ဆေးရုံသည် အစ္စရေးစစ်တပ်မှ တိုက်ခိုက်မှု ခံရ

(GMT+08:00)2023-11-25 10:52:24  

    ဒေသ စံတော်ချိန် ယခုလ ၂၄ရက်နေ့က အစ္စရေး စစ်တပ်သည် ဂါဇာဒေသ ဂျာဘာလီယာ ဒုက္ခသည် စခန်း အနားရှိ အင်ဒိုနီးရှား ဆေးရုံကို တိုက်ခိုက်ခဲ့ပြီး ဆေးကုသသည့်ပစ္စည်း ကိရိယာများ မြေပြင်ပေါ်တွင် ပြန့်ကျဲနေပါသည်။ အစ္စရေးဘက်က ယင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ ချက်ချင်း မှတ်ချက်ပြုခြင်း မရှိသော်လည်း ဟားမတ်စ် အဖွဲ့သည် ၄င်းဆေးရုံဖြင့် မြေအောက် ကွပ်ကဲမှုနှင့် ထိန်းသိမ်းမှု အဆောက်အအုံများကို ဖုံးကွယ်ထားခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။