ပါလက်စတိုင်းသတင်းထောက်တစ်ဦးသည် အစ္စရေး၏တိုက်ခိုက်မှုတွင် သေဆုံး

(GMT+08:00)2023-11-25 14:26:57  

    နိုဝင်ဘာလ ၂၄ ရက်နေ့ မိုးလင်းခါနီးအချိန်တွင် ပါလက်စတိုင်း အမျိုးသမီးသတင်းထောက် Amal Zuhd နှင့် ၎င်း၏ မိသားစုများသည် ဂါဇာ ကမ်းမြောင် ဒေသ အပေါ် အစ္စရေးတပ်ဖွဲ့က ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုတွင် သေဆုံးခဲ့ပါသည်။ ယခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က အသစ်တစ်ကြိမ် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် သတင်းထောက် ၆၄ဦးသည် ဂါဇာကမ်းမြောင် ဒေသတွင် သေဆုံးခဲ့ပြီဖြစ်ပါသည်။