သမ္မတရှီကျင့်ဖိန်၏အထူးကိုယ်စားလှယ်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်းအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် တင်ရွှေရှမ်သည် ကမ္ဘာ့ရာသီဥတု ဆောင်ရွက်မှုဆိုင်ရာ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်

(GMT+08:00)2023-11-25 14:24:57  

    အာရပ်စော်ဘွားများ နိုင်ငံ သမ္မတ မူဟန်မွတ်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အထူးကိုယ်စားလှယ်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်း အဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် တင်ရွှေရှမ်သည် နိုဝင်ဘာလ ၃၀ ရက်နေ့မှ ဒီဇင်ဘာလ ၂ ရက်နေ့အထိ    အာရပ်စော်ဘွားများ နိုင်ငံသို့ သွားရောက်ပြီး ကမ္ဘာ့ရာသီဥတု ဆောင်ရွက်မှု ဆိုင်ရာ ထိပ်သီးအစည်းအဝေးကို တက်ရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က နိုဝင်ဘာလ ၂၄ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါသည်။