ရုရှား-ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ထပ်မံကြားဖြတ်ညှိနှိုင်းရန် တူရကီစီစဉ်ထား

(GMT+08:00)2023-11-25 14:26:37  

တူရကီနိုင်ငံခြားရေးဝန်ကြီး ဟာကန် ဖီဒန်က လိုအပ်သောအခြေအနေရှိလျှင် ရုရှားနှင့် ယူကရိန်း အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တူရကီနိုင်ငံက ထပ်မံ ကြီးမှူးကျင်းပရန် စီစဉ်ထားကြောင်း၊ ဘက်သီးသီးတို့က အတူတကွ ကြိုးပမ်းဆောင်ရွက်မှသာ ငြိမ်းချမ်းရေးရရှိနိုင်မည်ဖြစ်ကြောင်း ယမန်နေ့ ၂၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။