တရုတ်ပြည်တွင်းပြည်ပမှ လုပ်ငန်းကုမ္ပဏီများနှင့် အဖွဲ့အစည်း ၅၀၀ကျော်တို့သည် ကမ္ဘာ့ ပထမဆုံး ထောက်ပံ့ရေးကွင်းဆက်ကုန်စည်ပြပွဲသို့ တက်ရောက်ကြမည်

(GMT+08:00)2023-11-25 14:26:01  

"ကမ္ဘာ့ချိတ်ဆက်ခြင်းနှင့် အနာဂတ်ကိုဖန်တီးခြင်း" ခေါင်းစဉ်ဖြင့် ပထမဆုံးအကြိမ် တရုတ် နိုင်ငံတကာထောက်ပံ့ရေးကွင်းဆက် မြှင့်တင်ရေးကုန်စည်ပြပွဲ (China International  Supply Chain Exhibition )ကို နိုဝင်ဘာလ ၂၈ ရက်နေ့မှ ဒီဇင်ဘာလ ၂ ရက်နေ့အထိ ဘေကျင်းမြို့တွင် ကျင်းပမည်ဖြစ်ပြီး တရုတ်နိုင်ငံတော် ကောင်စီဝန်ကြီးချုပ် လီချန်သည် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားသွားမည်ဖြစ်ပါသည်။ ယခုအကြိမ်ကုန်စည်ပြပွဲသည် ထောက်ပံ့ရေး ကွင်းဆက်ကို အဓိကဆောင်ပုဒ်ဖြင့် ကမ္ဘာ့ပထမဆုံးသော နိုင်ငံတော်အဆင့် ပြပွဲဖြစ်ပြီး၊ တရုတ်ပြည်တွင်းပြည်ပမှ လုပ်ငန်းကုမ္ပဏီများနှင့် အဖွဲ့အစည်းပေါင်း ၅၁၅ ခု ပါဝင်ပြသမည် ဟု သတင်းအရသိရပါသည်။

ယင်းကုန်စည်ပြပွဲသည် ကုန်သွယ်မှုမြှင့်တင်ရေး၊ ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေး၊ သင်ယူလေ့လာမှုနှင့် ကူးလူးဖလှယ်မှုစသည့်များကို ပေါင်းစပ်ထားသည့် ပွင့်လင်းသော နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်း ဖန်တီးရန် ရည်ရွယ်ထားပြီး တရုတ်နှင့် စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ရန် ကမ္ဘာ့နိုင်ငံများ အတွက် အခွင့်အလမ်းသစ်များ ထောက်ပံ့ပေးမည်ဟု သိရပါသည်။