ရှီကျင့်ဖိန်သည် နိုင်ငံတကာ တရုတ်ပြည်အကြောင်းပညာ ညီလာခံ-ရှန်ဟိုင်းဖိုရမ်သို့ ဂုဏ်ပြုစာတစ်စောင် ပေးပို့

(GMT+08:00)2023-11-24 13:55:14  

    နိုဝင်ဘာလ ၂၄ ရက်နေ့က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နိုင်ငံတကာ တရုတ်ပြည်အကြောင်းပညာ ညီလာခံ-ရှန်ဟိုင်းဖိုရမ်သို့ ဂုဏ်ပြုစာ တစ်စောင်ကို ပေးပို့ခဲ့ပါသည်။

    ရှီကျင့်ဖိန်၏ ဂုဏ်ပြုစာတွင် တရုတ်ယဉ်ကျေးမှု၏ ဖြစ်ဖျားခံ အရင်းအမြစ် အလွန် ရှည်လျားပြီး ကမ္ဘာပေါ်ရှိ အခြား ယဉ်ကျေးမှုများနှင့် အပြန်အလှန် ကူးလူးဖလှယ် လေ့လာသင်ယူရာတွင် ပေါများကြွယ်ဝ တိုးတက်လာကာ တရုတ်အသွင်ပုံစံ ခေတ်မီရေးအတွက် နက်ရှိုင်းသော အခြေခံအုတ်မြစ်များ ချထားပေးခဲ့ပါကြောင်း၊ သမိုင်း၏ ရေသောက်မြစ်ကို စူးစမ်း လေ့လာ မှသာ လက်ရှိ ကမ္ဘာကြီးကို နားလည်သိရှိနိုင်ပြီး ယဉ်ကျေးမှု၏ အရင်းအမြစ်ကို စူးစမ်း လေ့လာမှသာ ယနေ့ တရုတ်ပြည်ကို သိရှိနားလည်နိုင်ကာ ယဉ်ကျေးမှု၏ အပြန်အလှန် လေ့လာသင်ယူကိုးကားမှု ရှိမှသာ ဘုံတိုးတက်မှုကို အကောင်အထည် ဖော်ဆောင်နိုင်မည် ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

    ယခုအကြိမ် ညီလာခံကို နိုဝင်ဘာလ ၂၄ ရက်နေ့က ရှန်ဟိုင်းမြို့၌ ဖွင့်လှစ်ခဲ့ပြီး ညီလာခံ၏ ဆောင်ပုဒ်သည် “တစ်ကမ္ဘာလုံးရှုထောင့်မှ တရုတ်ယဉ်ကျေးမှုနှင့် တရုတ်လမ်းကြောင်း” ဖြစ်သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။