အာဇာနည် သူရဲကောင်းများ အိမ်ပြန်ခြင်း- ဒသမ အကြိမ်မြောက် တောင်ကိုရီးယားရှိ တရုတ် ဗော်လံတီယာတပ်သား အာဇာနည်များ၏ ရုပ်အလောင်းများကို အမိနိုင်ငံသို့ ပြန်လည် သယ်ဆောင်ခြင်း

(GMT+08:00)2023-11-24 13:28:00  

    ဒသမ အကြိမ်မြောက် တောင်ကိုရီးယားရှိ တရုတ် ဗော်လံတီယာတပ်သား အာဇာနည်များ၏ ရုပ်အလောင်းများကို အမိနိုင်ငံသို့ ပြန်လည်သယ်ဆောင်ခြင်း အခမ်းအနားကို နိုဝင်ဘာလ ၂၃ ရက်နေ့က တရုတ်နိုင်ငံ လျောင်နင်ပြည်နယ် ရှင်ယန်မြို့ ထောင်ရှမ် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြုလုပ်ခဲ့ပါသည်။ တရုတ် ဗော်လံတီယာတပ်သား အာဇာနည် ၂၅ ဦး၏ ရုပ်အလောင်းများနှင့် ၎င်းတို့၏ ပစ္စည်း ၃၃၅ ခုကို Y-20 အထူးလေယာဉ်ဖြင့် အမိနိုင်ငံသို့ ပြန်လည် သယ်ဆောင်လာခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။