“ တရုတ်ပုံရိပ်ရုပ်ရှင်သီတင်းပတ်” အခမ်းအနား ရန်ကုန်တွင် ကျင်းပ

(GMT+08:00)2023-11-24 13:25:59  

       

    မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနဲ့ China Media Group  တို့ ပူးပေါင်းပြီး ၂၀၂၃ ခုနှစ် “ တရုတ်ပုံရိပ် ရုပ်ရှင်သီတင်းပတ်” ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ(၂၃)ရက် ညနေ ၄နာရီက ရန်ကုန်မြို့ အလုံမြို့နယ်ရှိ  တရုတ်ယဉ်ကျေးမှုစင်တာတွင်  ကျင်းပခဲ့ရာ မြန်မာနိုင်ငံပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံး သံမှူးကြီး Dr. Zheng Zhihong ၊ တရုတ်- မြန်မာနှစ်နိုင်ငံမှ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော် များ အပါအဝင် ပြည်တွင်းပြည်ပမှ သတင်း မီဒီယာ များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါတယ်။ 

           အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက "  မြန်မာနိုင်ငံမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးက ကြီးမှူးပြီး တရုတ်ရုပ်ရှင်ပွဲတော်တွေကို နှစ်စဉ် ကျင်းပ ခဲ့ပါတယ် ။မြန်မာပရိတ်သတ်တွေအနေနဲ့ တရုတ်ရုပ်ရှင်ဇာတ်ကားတွေကို ယခင်ကတည်းက နှစ်ခြိုက်တဲ့ အတွက် နှစ်စဉ် နှစ်တိုင်း ကျင်းပခဲ့တဲ့ တရုတ်ရုပ်ရှင်ပွဲတော်ကြီးမှာ ပြသတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို စိတ်အား ထက်သန်စွာဖြင့် ကြည့်ရှုကြပါ တယ်။ကျွန်တော် လည်း တရုတ်ဇာတ်လမ်းတွဲတွေကို ကြိုက်ပါ တယ်။ တရုတ်ဇာတ်လမ်းတွဲတွေကိုကြည့်တဲ့အခါမှာ ပျော်ရွှင်မှုရသကို ပေး နိုင်တဲ့ ဘ၀နဲ့ဆိုင်တဲ့ ဇာတ်ကား တော် တော်များများ တွေ့ရပါတယ်။ ဒီနေ့ကျင်းပတဲ့ ၂၀၂၃ခုနှစ် တရုတ်ပုံရိပ် ရုပ်ရှင် သီတင်းပတ် မှာ မြန်မာ ပရိသတ်များက တရုတ်နိုင်ငံအကြောင်းကို ပိုမိုသိရှိပြီး နှစ်နိုင်ငံကြားမှာ ဆွေမျိုးပေါက်ဖော် ချစ်ကြည် ရင်းနှီးမှုကို အရှိန်မြင့်တင် ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။  

            မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး သံမှူးကြီး Dr. Zheng Zhihong က   “ရုပ်ရှင်လက်ရာများ ဟာ နိုင်ငံ တစ် နိုင်ငံရဲ့ လူ့အဖွဲ့အစည်း ယဉ်ကျေးမှုနှင့် ပြည်သူများ လူနေမှုဘဝကို အရေးပါ ထင်ဟပ် ဖော်ပြချက် ဖြစ်ပြီး နိုင်ငံနှင့် နိုင်ငံများ လူမှုယဉ်ကျေး မှု ကူးလူးဖလှယ်ရေး အတွက် အရေးပါသော ပလက်ဖောင်း လည်း ဖြစ်တယ်”လို့  ပြောကြားခဲ့ ပြီး  “ကျွန်တော်တို့ဟာ မြန်မာနိုင်ငံနဲ့အတူ ရုပ်ရှင်အပါအဝင် လူမှုယဉ်ကျေးမှု ကူးလူး ဖလှယ်မှုများ မြှင့်တင်ကာ မြန်မာပြည်သူများနဲ့ တရုတ်ပုံပြင် အကြောင်းများစွာ မျှဝေလိုတဲ့ အပြင် တရုတ်ပြည်သူတွေက အရောင်အသွေးစုံလင်လှတဲ့  မြန်မာနိုင်ငံ အကြောင်း နားလည်သိရှိနိုင်ဖို့ မြန်မာ ရုပ်ရှင် လက်ရာကောင်းများလည်း တရုတ်နိုင်ငံ မှာ ပြသဖို့ ကြိုဆိုပါတယ်။ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံနဲ့အတူ ရုပ်ရှင် အပါအဝင် လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်မှု များ မြှင့်တင်ကာ မြန်မာပြည်သူများနဲ့ တရုတ်ပုံပြင် အကြောင်း များစွာ မျှဝေလိုတဲ့အပြင် တရုတ်ပြည်သူတွေက အ ရောင် အသွေး စုံလင်လှတဲ့  မြန်မာနိုင်ငံ အကြောင်း နားလည် သိရှိနိုင်ဖို့ မြန်မာ့ရုပ်ရှင်လက်ရာ ကောင်းများလည်း တရုတ် နိုင်ငံမှာ ပြသဖို့ ကြိုဆို ပါတယ် ”လို့ ပြောကြားခဲ့ပါတယ်။

       “တရုတ်ပုံရိပ် ရုပ်ရှင်သီတင်းပတ်” အစီအစဉ်ကို နိုဝင်ဘာ ၂၃ ရက်မှစတင်ကာ အလုံမြို့နယ်၊ မင်းရဲ ကျော် စွာလမ်းရှိ ရန်ကုန် တရုတ်ယဉ်ကျေးမှုစင်တာတွင်  ၅ ရက်ဆက်တိုက် ပြသသွားမည်ဖြစ်ပြီး နိုဝင်ဘာ လ၂၃ ရက် နေ့တွင် ကျေးလက်ဒေသရှင်သန်တိုးတက်ရေးအကြောင်း ရိုက်ကူး တင်ဆက် ထားသော “အတွင်းရေးမှူး အားရှာ” ၊  နိုဝင်ဘာ လ ၂၄ ရက်နေ့တွင် တရုတ် ဂန္ထဝင် ရုပ်သံဇာတ်လမ်းတွဲ “ခန်းဆောင်နီ အိမ်မက်”  ၊  နိုဝင်ဘာ ၂၅ ရက်နေ့တွင်  China Media Group မှထုတ် လုပ်သော လူမှုယဉ်ကျေးမှု အကြောင်း မှတ်တမ်းရုပ်ရှင် “ A Bite of China” ၊ နိုဝင်ဘာ ၂၆ ရက်နေ့တွင် Detective Chinatown  ရုပ်ရှင်ဇာတ်ကား၊ နိုဝင်ဘာလ ၂၇ ရက်တွင် တရုတ် ဂန္ထဝင်ရုပ်သံဇာတ်လမ်းတွဲ ဖြစ်တဲ့ “ အနောက်သို့ခရီးသွားခြင်း” စတဲ့ ရုပ်ရှင်ဇာတ် ကားတွေကို ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။

     အဆိုပါဇာတ်ကားအားလုံးကို China Media Group ၏ အာရှနှင့် အာဖရိကဒေသ ဘာသာစကား အစီ အစဉ်စင်တာမှ ဘာသာပြန်ထုတ်လုပ်ထားပြီး  တရုတ်နိုင်ငံ၏ ကြွယ်ဝနက်ရှိုင်းသော ယဉ်ကျေး မှုအနှစ်သာ ရများကို ခံစားနိုင်ဖို့၊  တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ယဉ်ကျေးမှု ကူးလူးဖလှယ်မှုနဲ့ ယဉ်ကျေးမှု အပြန် အလှန် လေ့လာသင်ယူမှုကို မြင့်တင်ပေးနိုင်ဖို့ဖြစ်တယ်လို့သိရပါတယ်။