တရုတ်နိုင်ငံသည် ဂြိုဟ်တု အင်တာနက် နည်းပညာ စမ်းသပ်ဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့

(GMT+08:00)2023-11-24 13:33:59  

နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေ ၆ နာရီအချိန်က တရုတ်နိုင်ငံသည် ရှီချန်းဂြိုဟ်တု လွှတ်တင်ရေးစင်တာတွင် Long March-2D သယ်ဆောင်ဒုံးပျံဖြင့် ဂြိုဟ်တု အင်တာနက်နည်းပညာ စမ်းသပ်ဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီး ဂြိုဟ်တုသည် ကြိုတင်သတ်မှတ်ထားသော ကမ္ဘာပတ်လမ်းကြောင်းသို့ ချောမောစွာ ဝင်ရောက်ခဲ့ကာ လွှတ်တင်မှု တာဝန် အောင်မြင်စွာ ပြီးဆုံး ခဲ့ကြောင်း၊ ယင်းသည် Long March စီးရီး ဒုံးပျံ ၏ ၄၉၈ ကြိမ်မြောက် ပျံသန်းမှု ဖြစ်ကြောင်းသိရှိရသည်။