ပါလက်စတိုင်း-အစ္စရေး ယာယီ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပြီးနောက် နှစ်ဖက် ဖမ်းဆီးထားသူများ လဲလှယ်ရေးကို လူအများက အာရုံစိုက်နေကြ

(GMT+08:00)2023-11-24 13:30:36  

ဒေသစံတော်ချိန် နိုဝင်ဘာလ ၂၂ ရက်နေ့က အစ္စရေးအစိုးရနှင့် ဟားမတ်စ်အဖွဲ့တို့သည် လေးရက်ကြာ ယာယီ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ရရှိခဲ့ကြောင်း အသီးသီး ကြေညာခဲ့သည်။ ယင်းသည် လက်ရှိ ပဋိပက္ခ ဖြစ်ပွားခဲ့သည့်နောက်ပိုင်း ရက် ၄၀ ကျော်ကြာအတွင်း ရရှိသည့် ပထမဆုံး သဘောတူညီချက်ဖြစ်သည်။

အဆိုပါ သဘောတူညီချက်အရ ယာယီ အပစ်အခတ်ရပ်စဲရေး ကာလအတွင်း ဟားမတ်စ်အဖွဲ့သည် ဖမ်းဆီးထားသော အမျိုးသမီးနှင့် ကလေး ၅၀ ဦးကို လွှတ်ပေးမည်ဖြစ်ပြီး အစ္စရေးဘက်က ဖမ်းဆီးထားသော ပါလက်စတိုင်း အမျိုးသမီးနှင့် ဆယ်ကျော်သက်လူငယ် စုစုပေါင်း ၁၅၀ ကို လွှတ်ပေးမည်ဖြစ်သည်။ လက်ရှိ ပဋိပက္ခ ဖြစ်ပွားခဲ့သည့်နောက်ပိုင်း ဟားမတ်စ်အဖွဲ့သည် လူ ၂၄၀ ခန့် ဖမ်းဆီးခဲ့သည်။

ဟားမတ်စ်အဖွဲ့သည် အဆိုပါ ဖမ်းဆီးထားသူ ၅၀ အပြင် နောက်ထပ် လူ ၁၀ ဦးစီ လွှတ်ပေးလျှင် အပစ်အခတ် ရပ်စဲရေးကာလကို တစ်ရက်ကြာ ထပ်တိုးနိုင်မည်ဟု အစ္စရေးဘက်က ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ယာယီ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ရရှိ ထားသော်လည်း ဟားမတ်စ်အဖွဲ့က ယာယီ အပစ်အခတ် ရပ်စဲရေးကာလတွင် "လက်ညှိုးကို သေနတ်မောင်းခလုတ်မှာ ထားမည်"ဟု ပြောကြားခဲ့ပြီး အစ္စရေးဘက်ကလည်း ဖမ်းဆီးခံထားရသူအားလုံးကို လွှတ်မပေးခင်အချိန်ထိ  ဟားမတ်စ်များကို ဖျက်ဆီးချေမှုန်းနိုင်မည့် အချိန်ထိ  စစ်ပွဲ ရပ်တန့်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။