ယူကရိန်းတပ်စခန်းကို တိုက်ခိုက်ခဲ့ဟု ရုရှားက ဆိုပြီး ရုရှား၏ တိုက်ခိုက်မှုကို တွန်းလှန် တိုက်ဖျက် ခဲ့ဟု ယူကရိန်းက ဆို

(GMT+08:00)2023-11-24 13:29:41  

လွန်ခဲ့သည့် ၂၄ နာရီအတွင်း ရုရှားစစ်တပ်သည် Kupyansk ၊ Bonliman ၊ Donetsk ၊ Zaporozhye ၊ Kherson စသည့်နေရာများတွင် ယူကရိန်းစစ်တပ်၏ တိုက်ခိုက်မှုကို တွန်းလှန်တိုက်ဖျက်ပြီး ယူကရိန်းတပ်စခန်းကို တိုက်ခိုက်ကာ ယူကရိန်း စစ်တပ်မှ ရဟတ်ယာဉ်တစ်စင်းကို ပစ်ချခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဒေသစံတော်ချိန် ၂၃ ရက်နေ့က ကြေညာခဲ့သည်။ ထို့အပြင် ရုရှားစစ်တပ်က မောင်းသူမဲ့လေယာဉ် ၂၄ စင်းနှင့် HIMARS ဒုံးကျည် ၈ စင်းတို့ကို ကြားဖြတ်ဟန့်တားပြီး ယူကရိန်းဘက်မှ ခဲယမ်းမီးကျောက်များ သိုလှောင်ရုံ ၁ ခု၊ ဆက်သွယ်ရေး စခန်း ၁ ခု၊ အမြောက်များ၊ မော်တော်ယာဉ်များ စသည့်ပစ္စည်းများကို ဖျက်ဆီးခဲ့သည်ဟုလည်း ဆိုခဲ့သည်။

ထိုနေ့တွင်ပင် ယူကရိန်းတပ်မတော် စစ်ဦးစီးဌာနချုပ်က ကြေညာချက် ထုတ်ပြန်ခဲ့ရာ  လွန်ခဲ့သည့် ၂၄ နာရီအတွင်း ရှေ့တန်းစစ်နယ်မြေများတွင် တိုက်ပွဲပေါင်း ၅၀ ကျော် ဖြစ်ပွားခဲ့ကြောင်း၊ ယူကရိန်းစစ်တပ်သည် Bakhmut၊ Avdeyevka နှင့် Marinka စသည့်နေရာများတွင် ရုရှား၏ တိုက်ခိုက်မှုကို တွန်းလှန်တိုက်ဖျက်ပြီး ယူကရိန်းလေတပ်၊ ဒုံးကျည် အမြောက်များနှင့် အမြောက်တပ်များသည် ရုရှား စစ်တပ်များ၊ ပစ္စည်းကိရိယာများ စုစည်းရာ နေရာများနှင့် ကွပ်ကဲရေး စခန်းများကို တိုက်ခိုက်ကာ ရုရှားစစ်တပ်မှ အမြောက် ၄ ခုနှင့် လေကြောင်းရန်ကာကွယ်ရေး အဆောက်အအုံ ၁ ခုတို့ကို ဖျက်ဆီးခဲ့ကြောင်း ဖော်ပြထားသည်။