ဒုတိယအကြိမ် နိုင်ငံတကာ ဒစ်ဂျစ်တယ်ကုန်သွယ်ရေး ကုန်စည်ပြပွဲကို ဟန်ကျိုးမြို့တွင် စတင်ကျင်းပ

(GMT+08:00)2023-11-23 15:36:19  

တရုတ်ကျက်ကျန်းပြည်နယ် ပြည်သူ့အစိုးရနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာနတို့ ပူးတွဲဦးစီးကျင်းပသော ဒုတိယအကြိမ် နိုင်ငံတကာ ဒစ်ဂျစ်တယ် ကုန်သွယ်ရေး ကုန်စည်ပြပွဲ ဖွင့်ပွဲ အခမ်းအနားကို ယခုလ ၂၃ ရက်နေ့နံနက်ပိုင်းက ဟန်ကျိုးမြို့တွင် ကျင်းပခဲ့ကြောင်း၊  ယခုအကြိမ်ပြပွဲတွင် ဒစ်ဂျစ်တယ်ကုန်သွယ်ရေး ကုမ္ပဏီပေါင်း ၈၀၀ ကျော်ကို စုစည်းကာ ပထမဆုံးအကြိမ် ပွဲဦးထွက်ရလဒ် ၁၀၀ ကျော်ကို စုဆောင်းပြသထား၍ အွန်လိုင်းနှင့် အော့ဖ်လိုင်းပရိသတ်များအတွက် ဒစ်ဂျစ်တယ် ကုန်သွယ်မှုနယ်ပယ်မှ နည်းပညာသစ်များ၊ ထုတ်ကုန်အသစ်များ၊ ဝန်ဆောင်မှုအသစ်များနှင့် မြင်ကွင်းအသစ်များကို ဆောင်ကြဉ်းပေးလာကြောင်း သိရပါသည်။