ဖိလစ်ပိုင်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူပေါင်း ၇.၂သိန်း ဘေးသင့်

(GMT+08:00)2023-11-23 15:36:58  

ဖိလစ်ပိုင်အမျိုးသား သဘာဝဘေးအန္တရာယ်လျှော့ချရေး ကော်မတီမှ ထုတ်ပြန်သော သတင်း အရ နိုဝင်ဘာလ ၂၃ ရက်နေ့နံနက် ၈ နာရီအချိန်အထိ ဖိလစ်ပိုင်နိုင်ငံအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ ၁ ဦး သေဆုံးပြီး ၇.၂သိန်းကျော် ဘေးသင့်ကာ လူ  ၈ သောင်းကျော်ကို ပြန်လည်နေရာချထားကြောင်း သိရပါသည်။

မိုးရွာသွန်းမှုကြောင့် ဖိလစ်ပိုင်နိုင်ငံ Northern Samarပြည်နယ်ကို သဘာဝဘေး အန္တရာယ်အခြေအနေအဖြစ်  နိုဝင်ဘာလ ၂၁ ရက်နေ့က ကြေညာခဲ့သည်။