ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံ ဒူးမားအောက်လွှတ်တော် ဥက္ကဋ္ဌ ဗော်လိုဒင်နှင့် တွေ့ဆုံ

(GMT+08:00)2023-11-23 15:30:36  

နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်းပြည်သူ့ခန်းမဆောင်ကြီးတွင် ရုရှားနိုင်ငံ ဒူးမားအောက်လွှတ်တော် ဥက္ကဋ္ဌ ဗော်လိုဒင်နှင့် တွေ့ဆုံခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

ထိုသို့ တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် ရုရှား၏ အကြီးဆုံး အိမ်နီးချင်းနိုင်ငံ ဖြစ်သလို ရုရှားသည်လည်း တရုတ်နိုင်ငံ၏ အကြီးဆုံးသော အိမ်နီးချင်း နိုင်ငံ ဖြစ်ကာ ကျယ်ပြန့်သော ဘုံအကျိုးစီးပွားများ ရှိပါကြောင်း၊ ယခုနှစ်တွင် မိမိနှင့် သမ္မတ ပူတင်တို့ နှစ်ကြိမ် တွေ့ဆုံပြီး မျက်နှာချင်းဆိုင်ကာ အမြင်များအား နက်ရှိုင်းစွာ ဆွေးနွေးဖလှယ် ရာ တရုတ်နှင့် ရုရှား ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုနှင့် နယ်ပယ်အသီးသီးမှ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစေရေးနှင့် ပတ်သက်ပြီး သဘောတူညီချက်အသစ် များစွာ ရရှိခဲ့ကြောင်း၊ လာမည့်နှစ်သည် တရုတ်နှင့် ရုရှား သံတမန် ဆက်ဆံရေး ထားရှိခဲ့သည့် ၇၅ နှစ် ပြည့်မြောက်သည့်နှစ် ဖြစ်ပြီး တရုတ်နိုင်ငံသည် ရုရှားနှင့်အတူ ရေရှည် အိမ်နီးချင်းကောင်း ဖြစ်သော၊ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်သော၊ အပြန်အလှန် အကျိုးရှိပြီး ပူးပေါင်းဆောင်ရွက်သော ဆက်ဆံမှု အဆက်မပြတ် နက်ရှိုင်းလာအောင် ဆောင်ရွက်လိုကြောင်း၊ နှစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် တွန်းအားသစ် ထည့်သွင်းပေးပြီး ကမ္ဘာ့ စည်ပင်သာယာရေးနှင့် တည်ငြိမ်ရေး အတွက် ပိုမို များပြားသော တည်ငြိမ်ဖွယ်ရာများကို ဖန်တီးပေးလိုပါကြောင်း ပြောကြား ခဲ့ပါ သည်။

ဗော်လိုဒင်က သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ ပူတင်တို့၏ မဟာဗျူဟာ ဦးဆောင်မှုဖြင့် ရုရှားနှင့် တရုတ် ဆက်ဆံရေးသည် သမိုင်းတွင် အကောင်းဆုံးသော အဆင့်အတန်းသို့ ရောက်ရှိလာကြောင်း၊ ရုရှားနိုင်ငံ ဒူးမားအောက်လွှတ်တော်မှ ပါတီ အသီးသီးတို့သည် တရုတ်နိုင်ငံနှင့် ချစ်ကြည်ရေး ဆက်ဆံမှု တိုးတက်ရေးကို ထောက်ခံခြင်း အပေါ် မြင့်မားသော သဘောတူညီမှု ရှိပါကြောင်း ပြောကြားခဲ့ပါသည်။