ပါလက်စတိုင်းနဲ့ အစ္စရေး ရေးရာဆိုင်ရာ တရုတ်နည်းလမ်းဟာ နိုင်ငံတကာ မိသားစုကြီးမှ အသိ အမှတ်ပြုခြင်းကို ရရှိ

(GMT+08:00)2023-11-23 15:32:46  

   နိုဝင်ဘာလ ၂၁ ရက်နေ့က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က BRICS နိုင်ငံ ခေါင်းဆောင်များ ပါလက်စတိုင်းနဲ့ အစ္စရေး ရေးရာ အထူး ဗီဒီယို ထိပ်သီး အစည်းအဝေးမှာ မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ အီဂျစ်နိုင်ငံ Pyramid Daily သတင်းစာ ကော်လန် စာရေးဆရာ ပါလာက ပါလက်စတိုင်းနဲ့ အစ္စရေး ရေးရာအပေါ် တရုတ်နိုင်ငံရဲ့ သဘောထား ရပ်တည် ချက်ဟာ တစ်လျှောက်လုံး တရားမျှတပြီး အာရပ်နဲ့ အစ္စလာမ်နိုင်ငံများရဲ့ အလေးထားမှုနဲ့ ချီးကျူးမှုကို ရရှိကာ တရုတ်နိုင်ငံက ပိုမို ကြီးမားတဲ့ ပိုမို အပြုသဘော ဆောင်တဲ့ အခန်း ကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်မယ်လို့ လူအများက မျှော်လင့်ကြောင်း ရေးသားဖော်ပြခဲ့ပါ တယ်။

   ယနေ့အချိန်ထိ ပါလက်စတိုင်းနဲ့ အစ္စရေး အငြင်းပွားမှုများ တစ်လကျော်ကြာ ဖြစ်ပွားခဲ့ပြီ ဖြစ်ပြီး နှစ်ဖက်စလုံးမှ လူ ၁၅၅၀၀ ကျော် သေဆုံးခဲ့ကာ သေဆုံးမှုထဲမှာ ဂါဇာဒေသရှိ ကလေးငယ် ၅၈၀၀ ကျော်လည်း ပါဝင်ပါတယ်။ နိုင်ငံတကာ မိသားစုကြီးက အငြင်းပွားမှုများကြောင့် အရပ်သူအရပ်သား အမြောက်အမြား သေကျေဒဏ်ရာရရှိမှု ဖြစ်ပွား နေခဲ့ခြင်းနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဘေးအန္တရာယ်များအပေါ် စိုးရိမ် မကင်း ဖြစ်နေကြပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က “အရေးအကြီးဆုံး အချက် သုံးချက်” ကို အဆိုပြုခဲ့ပြီး အငြင်းပွားရာ ဘက်အသီးသီးတို့ အနေနဲ့ အပစ်အခတ် အမြန်ဆုံး ရပ်စဲဖို့၊ လူသားချင်း စာနာထောက်ထားမှု ကယ်ဆယ်ရေး ဖြတ်လမ်းများ လုံခြုံဘေးကင်း၊ အဟန့်အတား ကင်းမဲ့အောင် အာမခံပေးဖို့၊ အငြင်းပွားမှု ပိုပြီး ဆိုးရွားမလာအောင် ကာကွယ်ပေးဖို့ ပန်ကြားခဲ့တဲ့အပြင် ပါလက်စတိုင်းနဲ့ အစ္စရေး အငြင်းပွားမှုများ ထပ်ခါတလဲလဲ ဖြစ်ပွားခြင်းကို ဖြေရှင်းဖို့ အရင်းခံ နည်းလမ်းဟာ “နှစ်နိုင်ငံ ဖြေရှင်းရေးနည်းလမ်း”ကို ဖော်ဆောင်ဖို့ပဲ ဖြစ်တယ်လို့လည်း ထောက်ပြထားပါတယ်။ အဲဒါတွေဟာ ပါလက်စတိုင်းနဲ့ အစ္စရေး အငြင်းပွားမှုကို ထိရောက်စွာ ဖြေရှင်းဖို့အတွက် ဦးတည်ချက်ကို ညွှန်ပြပေးထားပါတယ်။

   ဘက်အသီးသီးတို့ရဲ့ အတူကြိုးပမ်းမှုနဲ့ ဒေသစံတော်ချိန် ၂၂ ရက်နေ့က အစ္စရေး အစိုးရနဲ့ ဟားမတ်စ်အဖွဲ့တို့က လေးရက်ကြာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို ရရှိခဲ့ကြောင်း အသီးသီး ကြေညာခဲ့ပါတယ်။ ဂါဇာဒေသမှ အရပ်သူအရပ်သားများဟာ ခေတ္တယာယီ အေးချမ်းမှုကို ရရှိနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ခေတ္တယာယီ အပစ်အခတ် ရပ်စဲခြင်းဟာ ပါလက်စတိုင်းနဲ့ အစ္စရေး ရေးရာကို အပြီးတိုင် ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ တရုတ်ပြည်ဘက်မှ တင်ပြတဲ့ ဖြေရှင်းရေးနည်းလမ်းကို နိုင်ငံတကာ မိသားစုကြီးက နက်ရှိုင်းစွာ စဉ်းစားသင့်ပါတယ်။ ပါလက်စတိုင်းရေးရာဟာ မသက်သာနိုင်တဲ့ ဒဏ်ရာ အဖြစ် ထာဝစဉ် မဖြစ်သင့်ဘူးလို့ China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသား ဖော်ပြထားပါတယ်။