နိုဝင်ဘာလ ၂၃ ရက်နေ့ မနက် ၁၀ နာရီတွင် အပစ်အခတ်ရပ်စဲမည်ဟု ဟားမတ်စ်အဖွဲ့ဝင် ဆို

(GMT+08:00)2023-11-23 15:35:40  

အစ္စရေးအစိုးရနှင့် ပါလက်စတိုင်း ဟားမတ်စ်အဖွဲ့ တို့သည်  လေးရက်ကြာ ယာယီ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ နှစ်ဖက် ထိမ်းသိမ်းထားသူ အချို့ကို လဲလှယ်မည်ဖြစ်ကြောင်း နိုဝင်ဘာလ  ၂၂ ရက်နေ့တွင် အသီးသီး ကြေညာခဲ့ ကြသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့က Al Jazeera ရုပ်မြင်သံကြားဌာန၏ အင်တာဗျူးတွင် ဟားမတ်စ်နိုင်ငံရေးဦးဆောင်အဖွဲ့ဝင် Mussa Abu Marzuk က ဂါဇာဒေသတွင် အပစ်အခတ်ရပ်စဲရေးကို ဒေသစံတော်ချိန် နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီတွင် စတင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ ပြီး  အစ္စရေးဘက်သည် အပစ်အခတ်ရပ်စဲသည့် အသေးစိတ်အချိန်ကို ဖော်ပြခြင်းမရှိသေးကြောင်း သိရပါသည်။