ယခုအကြိမ် ပါလက်စတိုင်း-အစ္စရေးအချင်းပွားမှုတွင် နှစ်ဖက်မှ လူ ၁၅၉၀၀ ကျော် သေဆုံး

(GMT+08:00)2023-11-23 15:37:34  

ပါလက်စတိုင်း ဟားမတ်စ်အဖွဲ့ မီဒီယာရုံးက ယခုအကြိမ် ပါလက်စတိုင်း-အစ္စရေး အချင်းပွားမှု ဖြစ်ပွားပြီးနောက် ဂါဇာဒေသတွင် ကလေး ၆၀၀၀ ကျော်နှင့် အမျိုးသမီး ၄၀၀၀ ကျော် အပါအဝင် လူ ၁၄၅၃၂ ဦး သေဆုံးခဲ့ကြောင်း၊ ဆေးဝန်ထမ်း ၂၀၅ ဦး၊ အရပ်ဖက်ကာကွယ်ရေးဝန်ထမ်း ၂၅ဦး နှင့် သတင်းထောက် ၆၄ ဦးသေဆုံးခဲ့ကြောင်း ဒေသစံတော်ချိန် နိုဝင်ဘာလ ၂၂ရက်နေ့က ကြေညာချက်ထုတ်ပြန်ရာတွင် ပြောကြားခဲ့ပါသည်။

လက်ရှိအချိန်အထိ ယခုအကြိမ် ပါလက်စတိုင်း-အစ္စရေး အချင်းပွားမှုတွင် နှစ်ဖက်မှ လူ ၁၅၉၀၀ ကျော် သေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။