ရှီကျင့်ဖိန်သည် လိုင်ဘေးရီးယားနိုင်ငံ သမ္မတ အဖြစ် ရွေးချယ်တင်မြှောက် ခံရသည့် Boakai အား ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2023-11-23 17:05:52  

နိုဝင်ဘာလ ၂၁ ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် လိုင်ဘေးရီးယားနိုင်ငံ သမ္မတ အဖြစ် ရွေးချယ်တင်မြှောက် ခံခဲ့ရသည့် Joseph Nyumah Boakai အား ဝမ်းမြောက်ကြောင်းသဝဏ်လွှာကို ပေးပို့ခဲ့ပါသည်။

သဝဏ်လွှာတွင် မိမိသည် တရုတ်နှင့် လိုင်ဘေးရီးယား ဆက်ဆံမှု တိုးတက်ရေးကို လွန်စွာ အလေးထားကြောင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် အပြန်အလှန် ယုံကြည်မှု နက်ရှိုင်းစေရန်၊ အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးရန်၊ နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုကောင်းမွန်စွာ အကျိုးပြုရန် အဆွေတော်နှင့် လက်တွဲကြိုးပမ်းဆောင်ရွက်လိုပါကြောင်း ရေးသားဖော်ပြထားသည်ဟု China Media Groupမှ သတင်းအရသိရပါသည်။