ရှီကျင့်ဖိန်သည် ဥရုဂွေးသမ္မတ Lacalle နှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00)2023-11-23 15:34:55  

  နိုဝင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် တရုတ်နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော ဥရုဂွေးနိုင်ငံ သမ္မတ Lacalle နှင့် ပြည်သူ့ခန်းမဆောင်ကြီး၌ တွေ့ဆုံ ဆွေးနွေးခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်များသည် တရုတ်-ဥရုဂွေး ဆက်ဆံရေးကို ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် အဆင့်မြှင့်တင်ကြောင်း ကြေညာခဲ့သည်။

ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် ဥရုဂွေးနိုင်ငံနှင့် နိုင်ငံတော် စီမံခန့်ခွဲရေးနှင့်ပတ်သက်ပြီး ကူးလူးဖလှယ်မှု တိုးမြှင့်ရန်၊ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု တိုးမြှင့်ရန်၊ ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများကို မျှဝေရန်နှင့် ကိုယ့်နိုင်ငံ၏ ခေတ်မီတိုးတက်ရေးနှင့် ကမ္ဘာကြီး ခေတ်မီမှုကို မြှင့်တင်ပေးရန် ဆန္ဒရှိပါကြောင်း ပြောကြားခဲ့သည်။

Lacalle က ဥရုဂွေးနှင့် တရုတ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၃၅ နှစ်မြောက် အခါသမယတွင် အရေးပါသော အစိုးရအဖွဲ့နှင့် စီးပွားကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ရခြင်းအတွက် ဝမ်းမြောက်ပါကြောင်း၊ ဥရုဂွေးနှင့် တရုတ်နှစ်နိုင်ငံစလုံးသည် နိုင်ငံစုံဝါဒကို အခိုင်အမာထိန်းသိမ်းကာကွယ်ကြပြီး လွတ်လပ်စွာကုန်သွယ်မှုကို ထိန်းသိမ်းကာကွယ်ကာ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို မြှင့်တင်ရန် အားဖြည့် ဆောင်ရွက် ပါကြောင်း ပြောကြားခဲ့ပါသည်။