ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးColonnaသည် တရုတ်ပြည်သို့ လာရောက်မည်

(GMT+08:00)2023-11-23 15:38:15  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ ဖိတ်ကြားချက်အရ ပြင်သစ်နိုင်ငံ ဥရောပနှင့် နိုင်ငံခြားရေးဝန်ကြီး Colonna သည် နိုဝင်ဘာလ ၂၃ ရက်နေ့မှ ၂၄ ရက်နေ့အထိ တရုတ်ပြည်သို့ ခရီးလှည့်လည်ပြီး တရုတ်-ပြင်သစ် အဆင့်မြင့် လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေးစနစ် ဆဋ္ဌမအကြိမ် အစည်းအဝေးကို ကျင်းပမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၂၂ရက်နေ့က တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။