ရှီကျင့်ဖိန်သည် ဥရုဂွေးသမ္မတ Lacalle နှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00)2023-11-23 15:34:13  

   တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်ပြည်သို့ တရားဝင် ခရီးလှည့်လည်ရန် ရောက်ရှိနေသော ဥရုဂွေးသမ္မတ Lacalle နှင့် နိုဝင်ဘာလ၂၂ ရက်နေ့ မွန်းလွဲပိုင်း က ဘေကျင်း ပြည်သူ့ခန်းမဆောင်ကြီးတွင် တွေ့ဆုံခဲ့သည်။

        ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က တရုတ် လူမျိုးများနှင့် ဥရုဂွေးလူမျိုးများသည် စည်းလုံးညီညွတ်မှုနှင့် ချစ်ကြည်ရင်းနှီးမှု စိတ်ဓာတ်ကို မြတ်နိုးကြကြောင်း၊ အဆွေတော် သမ္မတ နှင့်အတူ တရုတ်-ဥရုဂွေး ဘက်စုံ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံမှု တည်ထောင်ခြင်းကို လက်တွဲ ကြေညာပြီး တရုတ်-ဥရုဂွေး ဆက်ဆံမှုကို အရွယ်အစား၊ စနစ်နှင့် ယဉ်ကျေ မှု ကွဲပြားသော နိုင်ငံများအကြား စည်းလုံးညီညွတ်ပြီး ပူးပေါင်းဆောင်ရွက်ရေး စံပြ အဖြစ် ပူးတွဲတည်ဆောက်ခြင်း အပေါ် ဝမ်းမြောက်မိကြောင်း ပြောကြားခဲ့ သည်။

 

    Lacalle က လွန်ခဲ့သည့် နှစ်များစွာကတည်းက မိမိသည် တရုတ်ပြည်သို့ အလည်အပတ် လာရောက်ပြီး တရုတ် ယဉ်ကျေးမှုအကြောင်း လေ့လာချင်စိတ် ရှိခဲ့ပါကြောင်း၊ လက်ရှိအချိန်တွင် မိမိတို့သည် အဆွေတော် အဆိုပြုထားသည့် ကမ္ဘာလုံးဆိုင်ရာ အဆိုပြုချက် ၃ ရပ်ကို လေ့လာနေကြောင်း၊ မိမိတို့သည် နိုင်ငံစုံဝါဒကို ပြတ်ပြတ်သားသား ထောက်ခံပြီး နိုင်ငံများအကြား အပြန်အလှန် လေစားသင့်ကြောင်း  ပြောကြားခဲ့ သည်။