ဒသမအကြိမ်မြောက် တောင်ကိုရီးယားရှိ တရုတ် ဗော်လံတီယာတပ်သား အာဇာနည်များ၏ ရုပ်အလောင်းများ နှင့် ၎င်းတို့၏ ပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲကို အင်ချွန်းမြို့တွင် ကျင်းပ

(GMT+08:00)2023-11-23 15:33:35  

ဒေသစံတော်ချိန် နိုဝင်ဘာလ၂၃ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံနှင့် တောင်ကိုရီးယား နှစ်ဖက်တို့သည် အင်ချွန်းမြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဒသမအကြိမ်မြောက် တောင်ကိုရီးယား နိုင်ငံရှိ တရုတ် ဗော်လံတီယာတပ်သား အာဇာနည်များ၏ ရုပ်အလောင်းများ နှင့် ၎င်းတို့၏ ပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲကို  ပြုလုပ်ခဲ့ရာ တောင်ကိုရီးယားဘက်သည် တရုတ် ဗော်လံတီယာတပ်သား အာဇာနည် ၂၅ ဦး၏ ရုပ်အလောင်းများ နှင့် ၎င်းတို့၏ ပစ္စည်း ၃၃၅ ခုကို တရုတ်ပြည်ဘက်အား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း၊ လွှဲပြောင်းပေးအပ်ပွဲအပြီးတွင် အာဇာနည်များ၏ ရုပ်အလောင်းများကို တရုတ်လေတပ်မှ Y-20 အထူးလေယာဉ်ဖြင့် အမိနိုင်ငံသို့ ပြန်လည် သယ်ဆောင်လာ မည်ဖြစ်ကြောင်း သိရပါသည်။

၂၀၁၄ခုနှစ်ကစပြီး တောင်ကိုရီးယားနိုင်ငံသည် တောင်ကိုရီးယားနိုင်ငံ၌ တွေ့ရှိသော တရုတ် ဗော်လံတီယာတပ်သား အာဇာနည်များ၏ ရုပ်အလောင်းများ နှင့် ၎င်းတို့၏ ပစ္စည်းများကို တရုတ်နိုင်ငံအား နှစ်စဉ်နှစ်တိုင်း လွှဲပြောင်းပေးအပ် ခဲ့ သည်။ ယခုအကြိမ်အပါအဝင် အမိနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့သော တရုတ် ဗော်လံတီယာတပ်သား အာဇာနည်များ၏ ရုပ်အလောင်း စုစုပေါင်း ၉၃၈ လောင်း ရှိပြီဖြစ် ကြောင်း သိရပါသည်။